DC ရဲ့ Flash ရုပ်ရှင်အသစ်ထွက်ရှိလာပါပြီ..။ JL ဇာတ်ကောင်ဟောင်းတချိုပါ Special Appearance အနေနဲ့ပါဝင်ခဲ့တဲ့ ဒီရုပ်ရှင်မှာ Flash ကို အသွင်သစ်တမျိုးနဲ့ ဇာတ်ကောင်သစ်များနဲ့ပါ တွဲဖက်ပြီးတွေ့မြင်ရဦးမှာပါ…။
ဇာတ်လမ်းအကျဥ်းကတော့ အမြန်ဆုံးနှုန်းနဲ့ပြေးလွှားနိုင်တဲ့Flash တစ်ယောက် အလင်းထက်မြန်တဲ့နှုန်းနဲ့ပြေးလွှားရင် အချိန်ကိုပါ နောက်ပြန် ပြန်သွားနိုင်တဲ့အခွင့်အရေးရလာချိန်မှာတော့…. နာကျင်ခဲ့ရတဲ့ မိသားစုရဲ့ရာဇဝင်ကို ထိခိုက်မှု အနည်းဆုံးဖြစ်အောင် ပြင်ဆင်ခဲ့ပါတယ်။
ဒါပေမဲ့လည်း သူ့ရဲ့ပြင်ဆင်မှုက Universe ရဲ့သမိုင်းကြောင်းတစ်ခုလုံးကို ဖျက်စီးမိပြီး….စူပါဟီးရိုးမရှိတဲ့ ကမ္ဘာတစ်ခုကိုဖန်တီးမိသလိုဖြစ်ခဲ့ပါတယ်။ ရှိနေတဲ့တစ်ယောက်တည်းသော batman ဘရုစ်ကလည်း သူသိခဲ့တဲ့ ဘရုစ်ဖြစ်မနေတော့ပါဘူး..။ အဲဒီအချိန် ခရစ်ပတွန်ဂြိုဟ်ကရောက်လာတဲ့ Zod ရဲ့ အန္တရာယ်ကို စူပါမန်းလည်း မရှိ..Justic League လည်းမရှိဘဲ ရင်ဆိုင်ရမယ့် အဖြစ်နဲ့ ကြုံလာတဲ့အခါ…..
Flash တစ်ယောက် Zod ကို ဘယ်လိုရင်ဆိုင်ပြီး လက်ရှိဘ၀ကို ဘယ်လိုရောက်အောင် ပြန်သွားမလဲဆိုတာ….. အချိန် ၂နာရီခွဲစာကြာမြင့်တဲ့ ဒီရုပ်ရှင်မှာဆင်လက်ရှုစားကြည့်ပါဦးနော်။IMDB 7.1 ရထားပြီး… DC fan များ လက်မလွှတ်သင့်ပါကြောင်း ညွှန်းလိုက်ရပါတယ်။
Reviewed & Reviewed by Ariel & MooN
Encoded by NZ
Yoteshin Drive ကဒေါင်းလုပ်လုပ်ချင်သူများအနေဖြင့် ဒီလင့် (နှိပ်ပါ) ကနေပြထားတဲ့အတိုင်း အရင်ဆုံးloginလေးဝင်ထားဖို့တော့လိုမယ်နော်ဗျ