သိပ္ပံဇာတ်ကား စိတ်ကူးယဥ်ဇာတ်ကား အချိန်ခရီးသွားဇာတ်ကားများကြိုက်နှစ်သက်တဲ့ပရိသတ်ကြီးအတွက် The Tomorrow Jobဆိုတဲ့ဇာတ်ကားလေးနဲ့မိတ်ဆက်ပေးပါရစေ
ဇာတ်ကားကတော့ ဇာတ်ကားနာမည်အတိုင်း မနက်ဖြန်အလုပ်ပေါ့ ခင်ဗျားတိုလိုအမေခိုင်းရင်မနက်ဖြန်မှလုပ်မယ်ဆိုတဲ့ဟာတော့မဟုတ်ဘူးပေါ့ သူက မနက်ဖြန်ကိုအချိန်ခရီးသွားပြီး လုပ်ဆောင်ရတာမိုလို မနက်ဖြန်အလုပ်ဆိုပြီး နာမည်ပေးထားတာပေါ့ ဇာတ်လမ်းအကျဥ်းကိုပြောရမယ်ဆိုရင် လီဆိုတဲ့ အချိန်ခရီးသွားလေးက အချိန်တွေကူးပြောင်းပြီး မာတင်နဲ့ဖင်းဆိုတဲ့သူ့သူငယ်ချင်းနှစ်ယောက်နဲ့တူတူ အချက်အလက်တွေခိုးရင်း မကောင်းမှုပြုကာ အသက်မွေးဝမ်းကြောင်းပြုနေရပါတယ် အဲ့အချိန်အခါမှာကလည်း သူတိုကိုနောက်ကွယ်ကနေ Zလိုခေါ်တဲ့အချိန်ကူးပြောင်းစေတဲ့ဆေးတွေကိုထောက်ပံ့နေတဲ့အဖွဲအစည်းကြီးတစ်ခုလည်းရှိနေပါတယ် ဒါပေမယ့်အချိန်တွေကြာလာတော့ အဖွဲအစည်းကသူတိုကိုထောက်ပံ့နေတာသွေးရိုးသားရိုးမဟုတ်ဘူးဆိုတာကိုသိလာတဲ့အခါမှာတော့
ဇာတ်ကားက တော့ အချိန်ခရီးသွားဇာတ်ကားဆိုတော့ လှည့်ကွက်တွေအများအပြားနဲ့ အမိုက်စားရိုက်ကွက်တွေကြောင့်ကြည့်ပျော်စေမှာပါ
Translated & Reviewed by Kim Shin
Encoded by ROS
Yoteshin Drive ကဒေါင်းလုပ်လုပ်ချင်သူများအနေဖြင့် ဒီလင့် (နှိပ်ပါ) ကနေပြထားတဲ့အတိုင်း အရင်ဆုံးloginလေးဝင်ထားဖို့တော့လိုမယ်နော်ဗျ