ဒီတစ်ခါတော့ Romanceဆန်ဆန်ကားလေးတွေကြိုက်တဲ့သူတွေအတွက် Imdb6.8 ရရှိထားတဲ့ အချစ်ဇာတ်ကားလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်
ဇာတ်လမ်းလေးကတော့…
Paigeနဲ့Leo ကတအားချစ်ကြတဲ့ဇနီးမောင်နှံတွေဖြစ်ကြပါတယ် ။ တစ်ယောက်လိုအပ်တာတွေကိုတစ်ယောက်ကကွက်လပ်ဖြည့်ပေးရင်းပျော်ပျော်ရွှင်ရွင်ဘဝကိုဖြတ်သန်းနေကြတာပဲဖြစ်ပါတယ်
ဘဝဆိုတာက ကံကောင်းမှု ကံဆိုးမှုတွေက အမြဲဒွန်တွဲနေတာဆိုတော့ ကံကောင်းမှုတွေကျော်ဖြတ်ပြီးတော့ ကံဆိုးမှုတွေဟာသူတို့ဇနီးမောင်နှံထံကိုရောက်ရှိလာပါတော့တယ်
တစ်ရက်မှာတော့ ကားအက်ဆီးဒင့်တစ်ခုကြောင့် Paigeက သူ့ယောကျ်ားLeoကိုလုံးဝမမှတ်မိတော့ပါဘူး…Leoကတော့သူ့မိန်းမသူ့ကိုသတိရပြန်အောင်နည်းမျိုးစုံကြိုးစားရပါတော့တယ်..
ကြိုးစားတဲ့အရာအတွက်အကောင်အထည်ပေါ်ပါ့မလား…
နောက်ပြီး Leoဆီကိုကံကောင်းမှုတွေပြန်ရောက်ရှိလာပြီး သူ့မိန်းမကပြန်မှတ်မိသွားမလား ဒါမှမဟုတ် လုံးဝပဲမမှတ်မိပဲနေသွားရမလားဆိုတာကိုတော့ ဆက်လက်ကြည့်ရှူလိုက်ရအောင်လား…
Translated by Anny
Encoded by Aye Chan