ဒီတစ်ခါတော့ စပိန်စကားပြော လူငယ်အချစ်ဒရာမာကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။
တချိုသောအချစ်တွေဟာ ပိုးစုန်းကြူးလေးတွေလို တဖျတ်ဖျတ် လက်နေတဲ့ကြယ်ရောင်လိုပဲ တခြားသောအင်အားကြီးတဲ့ အလင်းတွေအောက်မှာ သူ့ရဲ့တည်ရှိမှုဟာ မှေးမှိန်နေတတ်တယ်။
အမှောင်မိုက်ဆုံးအချိန်ရောက်မှသာ သူ့ရဲ့ဖြစ်တည်မှုကိုသတိထားမိချိန် ….အဲဒီဖြစ်တည်မှုဟာ ကိုယ့်အတွက်ရည်စူးသည့်တိုင် ကိုယ့်ဘေးမှာဆက်ရှိနေဖို ကံကြမ္မာကအခွင့်ပေးပါဦးမလား….
နွေရာသီကျောင်းပိတ်ရက် ကမ်းခြေမြိုလေးမှာ အပန်းဖြေနေကြတဲ့ လူငယ်အတွဲသုံးတွဲ…
အကုန်လုံးမှာ အချစ်ရေး ပြဿနာ ဘ၀ပြဿနာကိုယ်စီနဲ့….
တစ်ယောက်ချင်းစီပိုင်ဆိုင်ထားကြတဲ့အချစ်ဟာ ရေရှည်တည်မြဲနိုင်ပါ့မလား။
သူတိုကြုံတွေ့နေရတဲ့ ပဋိပက္ခတွေ အခက်အခဲတွေက ဘာတွေဖြစ်မလဲ…?
IMDB 5.5 ရထားပါတယ်။ သူက Romance/Comedy ဆိုသော်ငြား ဘာသာပြန်ရင်းတော့ ဟာသဖြစ်စရာတစ်ချက်မှ မတွေ့ရပါဘူး..။ ငယ်ရွယ်တဲ့ မင်းသားမင်းသမီးအချောလေးတွေ လန်းဆန်းတဲ့ရှုခင်းရိုက်ကွက်တွေကတော့ စိတ်ပေါ့ပါးစရာဖြစ်ပါလိမ့်မယ်။
မိသားစုနဲ့မကြည့်သင့်ပါလို အကြံပြုပါတယ်။ ရှုစားကြပါဦး
Reviewed & Reviewed by Ariel
Encoded by NZ
Yoteshin Drive ကဒေါင်းလုပ်လုပ်ချင်သူများအနေဖြင့် ဒီလင့် (နှိပ်ပါ) ကနေပြထားတဲ့အတိုင်း အရင်ဆုံးloginလေးဝင်ထားဖို့တော့လိုမယ်နော်ဗျ