Thunderbolts (2025)
Marvel ရုပ်ရှင်တွေအများစုမှာတော့ ထူးခြားတဲ့ ဉာဏ်ကြီးရှင်တွေ အကျော်အမော်တွေနဲ့ အနာဂတ်ကစွမ်းအားရှင်တွေ၊ စကြ၀ဠာစစ်သည်တော်တွေပါပေမဲ့ ဒီဇာတ်ကားမှာတော့ အဲဒီထဲက ဘယ်သူမှမဟုတ်တဲ့ မအောင်မြင်ခဲ့ဖူးတဲ့ လူတွေကိုစုစည်းထားတာပါ ဒါက သူရဲကောင်းတွေရဲ့ ဇာတ်ကားထက်ကို ပိုပြီးထိချက်ပြင်းတဲ့ လူသားဆန်တဲ့ဇာတ်ကားတစ်ကား ဖြစ်လာပါတယ်
ဒီဇာတ်ကားမှာ ရယ်လီနာ၊ ဘက်ကီ၊ ရက်ဒ်ဂါဒီယန်၊ တစ္ဆေ၊ ယူအက်စ်အေးဂျင့်နဲ့ ဝှက်ဖဲစန်ထရီတို့ပါဝင်ထားပါတယ် သူတို့ဟာ စွမ်းအားကြီးတဲ့ Avengers မဟုတ်ပေမဲ့ တစ်ဦးချင်းစီတိုင်းမှာ ဒဏ်ရာတွေနဲ့နာကျင်မှုတွေရှိကြပြီး သူတို့အားလုံးရဲ့ ဆုံးရှုံးသွားတဲ့အရာအတွက် တိုက်ပွဲဝင်နေကြတာပါ
ဇာတ်လမ်းအစပိုင်းမှာ နည်းနည်းနှေးကွေးတယ်လို့ ခံစားရနိုင်ပေမဲ့ ဇာတ်ကောင်တစ်ဦးချင်းစီရဲ့ စိတ်နေစိတ်ထားနဲ့ ဇာတ်လမ်းတွေနဲ့ချိတ်ဆက်သွားတာက စိတ်ဝင်စားဖို့ကောင်းပါတယ် အက်ရှင်မြင်ကွင်းတွေကလည်း မျှော်လင့်ထားသလိုပါပဲ ဒါပေမဲ့ တခြား Marvel ရုပ်ရှင်တွေရဲ့ ကြီးမားတဲ့ စကြာဝဠာတိုက်ပွဲတွေနဲ့မတူဘဲ Thunderbolts က မြေပြင်အခြေအနေမှာ အဓိကတိုက်ပွဲဝင်ကြတာပါ
ဒီဇာတ်ကားက တကယ်တမ်းတော့ ကမ္ဘာကြီးကို ကယ်တင်တဲ့အကြောင်းမဟုတ်ပါဘူး အပစ်ပယ်ခံလူတစ်စုရဲ့ သူတို့ကိုယ်သူတို့ ကယ်တင်ခြင်းအကြောင်းဖြစ်ပါတယ် ဒါကြောင့် Thunderboltsဟာ မာဗယ်ရဲ့ စွန့်စားမှုတစ်ခုလို့တောင် ပြောရမလိုပါပဲ အက်ရှင်ကြိုက်နှစ်သက်သူတွေရော စိတ်ပိုင်းဆိုင်ရာ နက်ရှိုင်းမှုကို စူးစမ်းနေသူများအတွက်ပါ ကြည့်ရှုဖို့သင့်တော်ပါတယ်
Translated & Reviewed by Hyo
Encoded by Flashy
Yoteshin Drive ကဒေါင်းလုပ်လုပ်ချင်သူများအနေဖြင့် ဒီလင့် (နှိပ်ပါ) ကနေပြထားတဲ့အတိုင်း အရင်ဆုံးloginလေးဝင်ထားဖို့တော့လိုမယ်နော်