ဒီကားလေးကတော့ ဒုတိယကမ္ဘာစစ်တုန်းက နာဇီရေငုပ်သင်္ဘောကိုခိုးပြီး ဘယ်ဂျီယံကနေအမေရိကန်ကို ယူရေနီယံတွေပို့တဲ့ စွန့်စားခန်းခရီးအကြောင်းကို ရိုက်ကူးထားတဲ့ Action, Adventure, History အမျိုးအစား ပြင်သစ်-ဘယ်ဂျီယံ ပူးပေါင်းရိုက်ကူးထားတဲ့ကားလေးဖြစ်ပြီး IMDb rating 6.5/10 အထိရရှိထားပါတယ်။
ဒီကားအစမှာ နျူကလီးယားလက်နက်ကို အပြိုင်ထုတ်ဖို့ကြိုးစားနေကြတဲ့ နာဇီတွေနဲ့အမေရိကန်တွေ စစ်ဖြစ်နေချိန်မှာ အမေရိကန်ဘက်က ဘယ်ဂျီယံက ယူရေနီယံတွေကို နာဇီရေငုပ်သင်္ဘောနဲ့ ရန်သူတွေကြားကနေ အမေရိကန်ထိပို့ဆောင်ပေးရမယ့် အထူးစစ်ဆင်ရေးတစ်ခုလုပ်ဖို့လိုလာပါတယ်။ လုပ်ရမဲ့လူတွေကတော့ စတန်နဲ့သူ့လူတွေပါ။ သူတို့တွေက တာဝန်အရလုပ်ရမှာပေမယ့် ရေငုပ်သင်္ဘောမမောင်းတတ်ပါဘူး။ ဒီတော့ အမေရိကန်ဘက်က ဖမ်းမိထားတဲ့ ဂျာမန်ရေငုပ်သင်္ဘော ကပ္ပတိန်တစ်ယောက်ကို သုံးပတ်အတွင်းသူတို့ကို မောင်းတတ်အောင်သင်ပေးခိုင်းပြီး သွားပို့ဖို့လုပ်ကြပါတယ်။ ကံဆိုးချင်တော့ သင်နေတုန်းမှာပဲ နာဇီတွေတိုက်ခိုက်တာခံရလို့ အလောတကြီးထွက်ခွာလာရပြီး ဂျာမန်ကပ္ပတိန်ကိုပါ သူတို့နဲ့အတူခေါ်လာရဖို့ အကြောင်းဖန်လာပါတယ်။
ဒီတော့သူတို့တွေ အဆင်ပြေကြပါ့မလား။သူတို့အချင်းချင်းကြားမှာ ဘာတွေကြုံရမလဲ။သူတို့နောက်ကိုလိုက်လာတဲ့ နာဇီရေငုပ်သင်္ဘောတွေ ဖျက်သင်္ဘောတွေနဲ့ ကြုံရတဲ့အခါမှာရော သူတို့ဘယ်လိုလုပ်ကြမလဲ။သူတို့တွေ အမေရိကန်ထိ အောင်အောင်မြင်မြင်နဲ့ ပို့ပေးနိုင်မလားဆိုတာတွေကတော့ ဒီကားလေးထဲမှာရှုစားရမှာဖြစ်ပါတယ်။
Translated by – Nezu
Encoded by – Nezu