V.H.S Beyond (2024)
ဒီရုပ်ရှင်ကတော့ ဂြိုလ်သားတွေအကြောင်း တကယ်ရှာတွေ့ထားတဲ့ မှတ်တမ်းတင်ဗီဒီယိုတွေလိုမျိုး ဇာတ်လမ်းငါးမျိုးကိုပေါင်းစပ်ထားတဲ့ Horror ဆန်ဆန်ရုပ်ရှင်ကားပဲဖြစ်ပါတယ်။
ပထမဆုံးဇာတ်လမ်း “Stork” မှာ အထက်အမိန့်ကိုမနာခံဘဲ ကလေးတွေပျောက်နေတဲ့အမှုကို စုံစမ်းရေးစခဲ့တဲ့ ရဲတပ်ဖွဲ့တစ်ဖွဲ့က ထူးဆန်းတဲ့ကြောက်စရာတွေရှိတဲ့ အိမ်ကြီးတစ်အိမ်မှာ ဂြိုလ်သားတွေနဲ့ရင်ဆိုင်ရတဲ့အကြောင်း ရိုက်ပြထားပါတယ်။
ဒုတိယဇာတ်လမ်း “Dream Girl” မှာ ပါပါရာဇီနှစ်ယောက်က တက်သစ်စဘောလိဝုဒ်ကြယ်ပွင့်ရဲ့ရိုက်ကွင်းထဲကိုခိုးဝင်ပေမဲ့ သူတို့ခိုးဝင်မိခဲ့တာနဲ့တန်အောင် ဆိုးဝါးတဲ့အကျိုးဆက်နဲ့ရင်ဆိုင်ရပုံကို ရိုက်ပြထားပါတယ်။
တတိယဇာတ်လမ်း “Live and Let Dive” မှာ လေထီးခုန်ကြမယ့်လူတစ်စုစီးလာတဲ့ လေယာဉ်ဟာ ဂြိုဟ်သားအာကာသယာဉ်နဲ့တိုက်မိတဲ့အခါ လေထီးခုန်မယ့်လူတွေ ကြောက်စရာဂြိုလ်သားနဲ့ရင်ဆိုင်ရပုံကို ရိုက်ပြထားပါတယ်။
စတုတ္ထဇာတ်လမ်း “Fur Babies” မှာ တိရိစ္ဆာန်ညှင်းပန်းမှုဆန့်ကျင်ရေးအဖွဲ့လှုပ်ရှားသူတွေက ရူးနေတဲ့အဘွားကြီး ဘက်ကီဆိုတဲ့ ခွေးထိန်းကျောင်းပိုင်ရှင်ကို စူးစမ်းဖော်ထုတ်တဲ့အကြောင်း ကြောက်စရာကောင်းအောင် ရိုက်ပြထားပါတယ်။
ပဉ္စမမြောက်နောက်ဆုံးဇာတ်လမ်း “Stowaway” မှာတော့ မိုဝါဗီသဲကန္တာရရဲ့ကောင်းကင်ပေါ်မှာ ပျံသန်းနေတဲ့ထူးခြားတဲ့အလင်းတွေနောက်ကို လိုက်စူးစမ်းတဲ့အကြောင်း ရိုက်ပြထားပါတယ်။
ဇာတ်လမ်းငါးမျိုးလုံးက ဂြိုလ်သားတွေအကြောင်းကို Horror ဆန်ဆန်နဲ့ တကယ်တွေ့ရှိသလိုမျိုးရိုက်ကူးထားတာကြောင့် အမြင်တစ်မျိုးဆန်းပြီး ဂြိုလ်သားရုပ်ရှင်တွေကြည့်ရတာကြိုက်နှစ်သက်သူတွေအတွက် ခံစားချက်တစ်မျိုးထူးစေမယ့်ရုပ်ရှင်ကားတစ်ကားပဲဖြစ်ပါတယ်။
Translated & Reviewed by Bex
Encoded by Flashy
Yoteshin Drive ကဒေါင်းလုပ်လုပ်ချင်သူများအနေဖြင့် ဒီလင့် (နှိပ်ပါ) ကနေပြထားတဲ့အတိုင်း အရင်ဆုံးloginလေးဝင်ထားဖို့တော့လိုမယ်နော်