We Live in Time(2024)
ဒီဇာတ်ကားကတော့ သိပ်ချစ်ကြတဲ့ စုံတွဲတစ်တွဲရဲ့ ဆယ်စုနှစ်တစ်ခုအတွင်းမှာ ကြုံတွေ့ခဲ့ရတဲ့ စိန်ခေါ်မှုတွေကို ချစ်ခြင်းတရားနဲ့ ကျော်ဖြတ်ခဲ့ကြပုံကို ထိထိမိမိ ရိုက်ကူးထားတဲ့ ရိုမန်းတစ်ဒရာမာဇာတ်ကားတစ်ကားဖြစ်ပါတယ်
ဇာတ်လမ်းအကျဉ်းကတော့ ပူပူနွေးနွေး အိမ်ထောင်ကွဲခါစ တူဘိုင်းဟာ အယ်လ်မတ်ဆိုတဲ့ စားဖိုမှူးမလေးနဲ့ တွေ့ဆုံခဲ့ပြီး အချစ်သစ်တစ်ဖန် မွေးဖွားခဲ့ပါတယ် တစ်နေ့မှာတော့ အယ်လ်မတ်ဟာ သူမမှာ သားအိမ်ကင်ဆာရှိနေကြောင်း သိရှိခဲ့ရပါတယ် အယ်လ်မတ်ဟာ ကျန်ရှိနေတဲ့ သူမရဲ့သက်တမ်းကို ရှင်သန်ဖို့ရာခိုင်နှုန်းနည်းပါးတဲ့ ရောဂါကိုကုစားမဲ့အစား ပျော်ပျော်နေထိုင်သွားဖို့သာ ဆုံးဖြတ်ခဲ့ပါတယ် အဲနောက်မှာတော့ သူတို့နှစ်ဦးသားရဲ့ မမျှော်လင့်ထားတဲ့ စိန်ခေါ်မှု၊ စိတ်ပိုင်းဆိုင်ရာ ရုန်းကန်မှုတွေနဲ့ ပျော်ရွှင်ဖွယ်ရာ အခိုက်အတန့်တွေကို တွေ့မြင်ခံစားရမှာဖြစ်ပြီး အချိန်အပိုင်းအခြားအလိုက် အစဉ်တိုင်းရိုက်ကူးထားတာ မဟုတ်တဲ့ ထူးထူးခြားခြားချစ်ဇာတ်လမ်းတစ်ပုဒ်ဖြစ်တာကြောင့် ဇာတ်ကွက်တိုင်းကို စိတ်ဝင်တစားကြည့်ရှုကြရမှာပါ
Translated & Reviewed by Hyo
Encoded by Flashy
Yoteshin Drive ကဒေါင်းလုပ်လုပ်ချင်သူများအနေဖြင့် ဒီလင့် (နှိပ်ပါ) ကနေပြထားတဲ့အတိုင်း အရင်ဆုံးloginလေးဝင်ထားဖို့တော့လိုမယ်နော်