Windfall(2022)
——————
Windfall” ဆိုတဲ့ ဇာတ်ကားကို “The one I love”ဇာတ်ကားနဲ့ အောင်မြင်မှုတွေရခဲ့တဲ့ ဒါရိုက်တာ Charlie McDowell မှ ရိုက်ကူးထားပြီး
Jason Segel, Lily Collins နဲ့ Jesse Plemons စတဲ့ နာမည်ကြီး သရုပ်ဆောင်သုံးဦးရဲ့ အရည်အချင်းပြည့်မီတဲ့သရုပ်ဆောင်မှုတွေကို ကြည့်ရှုခံစားလိုရမဲ့ ဇာတ်ကားလေးပါ
ဇာတ်ကားရဲ့အဓိကအချက်ကတော့ ဇာတ်လမ်းရဲ့ အဓိကဇာတ်ဆောင်တွေရဲ့ နာမည်တွေကို အမည်မသိသူ(Jason Segel) စီအီးအို(Jesse Plemons) ဇနီးဖြစ်သူ(Lily Collins)လိုသာ ဖော်ပြထားတာပါ။
ဇာတ်လမ်းရဲ့အကျဉ်းချုပ်ကတော့ အမည်မသိလူတစ်ယောက်က စီအီးအိုနဲ့ ဇနီးဖြစ်သူ အပန်းဖြေအိမ်ရာကို ကျူးကျော်ဝင်ရောက်ပြီး သူထွက်ပြေးတော့မဲ့အချိန်မှာပဲ အိမ်ပိုင်ရှင်နှစ်ယောက်စလုံးက ပြန်ရောက်လာပါတယ်။ အမည်မသိသူကလည်း အဖမ်းမခံချင်တာကြောင့် စီအီးအိုနဲ့ ဇနီးဖြစ်သူတို ရဲတိုင်မှာကို စိုးရိမ်ပြီး သူတိုကိုဒီအတိုင်း မထားခဲ့ချင်ပါဘူး။ ဖြစ်ချင်တော့ သူတိုတွေထဲက တစ်ဦးတစ်ယောက်ကမှ တစ်ယောက်ကို တစ်ယောက်ထိခိုက်အောင်မလုပ်ချင်တာခဲ့တာပါ။ ဒါကြောင့်ပဲ အားလုံး တစ်အိမ်ထဲမှာ ပိတ်မိနေခဲ့ကြပါတော့တယ်။ နောက်ပိုင်း အမည်မသိသူနဲ့ နည်းပညာကုမ္ပဏီပိုင်တဲ့ ဘီလီလျံနာ စီအီးအိုတို ပိုက်ဆံပေးဖို အပေးအယူလုပ်ပြီးနောက်မှာတော့ ပိုက်ဆံစောင့်ရမဲ့အချိန်အတွင်းမှာ သူတိုတွေအားလုံး အတူတူစောင့်နေဖိုဖြစ်လာပါတယ်။ သူတိုအိမ်ထဲမှာပိတ်မိနေစဉ်အတွင်းမှာ နောက်ဆက်တွဲ ဘယ်လိုအဖြစ်အပျက်တွေ ဖြစ်လာမလဲဆိုတာကို စိတ်ဝင်တစားကြည့်ရှုလိုရမဲ့ ဇာတ်လမ်းကောင်းလေး ဖြစ်ပါတယ်
အားလုံးပဲကြည့်ရှုခံစားပေးကြပါဦး
Translated By June
Encoded By Zion