You Are So Not Invited to My Bat Mitzvah(2023)
ဒီဇာတ်ကားကတော့ ထိရှလွယ်တဲ့ဆယ်ကျော်သက်အရွယ်မှာ ကြုံတွေ့ရလေ့ရှိတဲ့ လူမှူရေးပြဿနာတွေ စိတ်အခြေအနေတွေကို ၁၃နှစ်အရွယ်ကောင်မလေးတွေ ဖြစ်ကြတဲ့ စတေစီနဲ့ လေဒီယာတို့ သူငယ်ချင်းနှစ်ယောက်ကို ဥပမာပေးပြီး ရိုက်ကူးထားတာပါ
စတေစီနဲ့လေဒီယာတို့ဟာ အချစ်ဆုံးသူငယ်ချင်းတွေပါ ဒါပေမဲ့လည်း သူတို့နှစ်ယောက်ကြားကို ကျောင်းလူချောလေး အန်ဒီ ဝင်ရောက်လာချိန်မှာတော့ သူတို့နှစ်ယောက်ရဲ့ သူငယ်ချင်းဆက်ဆံရေးဟာ ခွာပြဲသွားခဲ့ကြပါတယ် ဒါကြောင့် အရွယ်ရောက်ပွဲကို မကြာခင် ကျင်းပတော့မဲ့ စတေစီဟာ လေဒီယာ့ကို လာစရာမလိုဘူးလို့ ပြောခဲ့ပါတယ် ဒီလိုနဲ့ အပျိုပေါက်လေး စတေစီဟာ ချစ်ရေးချစ်ရာကိစ္စ လူမှုရေးကိစ္စ စိတ်မလုံခြုံမှုတွေကြားမှာ ရုန်းကန်နေရရင်း သူငယ်ချင်းလေဒီယာကိုလည်း ဆုံးရှုံးခဲ့ရပါတယ် သူမတစ်သက်တာလုံး စိတ်ကူးယဉ်ခဲ့ရတဲ့ အရွယ်ရောက်ပွဲဟာ စတေစီ့အတွက် ဘယ်လိုတွေဖြစ်လာဦးမလဲဆိုတာကိုတော့ ဆက်လက်ကြည့်ရှုကြရမှာပါ
Translated & Reviewed by Hyo
Encoded by Flashy
Yoteshin Drive ကဒေါင်းလုပ်လုပ်ချင်သူများအနေဖြင့် ဒီလင့် (နှိပ်ပါ) ကနေပြထားတဲ့အတိုင်း အရင်ဆုံးloginလေးဝင်ထားဖို့တော့လိုမယ်နော်