ဒီတစ်ခါတော့ Dramaဆန်ဆန် Horrorကားကြိုက်နှစ်သက်တဲ့ပရိသတ်ကြီးတွေအတွက် သိပ်မကြာခင်ကထွက်ရှိထားတဲ့ကားလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်
ဇာတ်လမ်းလေးကတော့ ဂျက်ဆီကာဆိုတဲ့အမျိုးသမီးဟာဆိုရင်ဆေးစွဲနေပြီး သိပ်မကြာသေးခင်ကမှဆေးဖြတ်တဲ့နေရာကနေထွက်လာတဲ့ကလေးနှစ်ယောက်ရဲ့မိခင်ဖြစ်ပါတယ်
ကလေးနှစ်ယောက်နဲ့နေရပြီးသူမကိုယ်တိုင်ကလည်းဘာမှသေသေချာချာမလုပ်တတ် ဒါကြောင့် တက္ကဆက်ကိုပြောင်းသွားပြီးတော့အလုပ်လုပ်မယ်လို့ကြံရွယ်တုန်းမှာ အရင်တုန်းကဆေးသမားရည်းစားဟောင်းနဲ့ပြန်တွေ့ပြီးအဲ့ရည်းစားကလည်းဆေးကြောင်ကြောင်ပြီး သူ့ကိုအခန်းထဲမှာသော့ပိတ်ထားခဲ့ပါတယ်
အဲ့ဒါထက်ဆိုးဝါးတာက သူ့ရည်းစားရဲ့သူငယ်ချင်းက သက်ငယ်မုဒိန်းကောင်ဖြစ်နေတယ်ဆိုတာပါပဲ ...
အမေကအခန်းထဲမှာပိတ်မိနေတဲ့အချိန် အပြင်မှာကျန်ခဲ့တဲ့ကလေးမလေးကိုရော ဘယ်လိုမျိုးတွေလုပ်မလဲ နောက်ပြီး ဂျက်ဆီကာကရောအဲ့အခန်းထဲကနေလွတ်ပြီး မုဒိန်းကောင်လက်ကနေသူ့ရဲ့ကလေးမလေးကိုရောကယ်တင်နိုင်ပါ့မလားဆိုတာကိုတော့ စိတ်လှုပ်ရှားစွာကြည့်ရမှာပဲဖြစ်ပါတယ်
-=-=-=-=-=-=-=-=-
Translated by Zark
Encoded by Nezu
Resolution - 720P & 1080P