ဒီတစ်ခါတော့ စက်တင်ဘာအငွေ့အသက်တွေနဲ့စတင်တဲ့ The Law Cafe အလှည့်ရောက်ရှိလို့လာခဲ့ပြန်ပါပြီ
ဇာတ်လမ်းအကျဥ်းလေးကိုပြောရရင်တော့...
Kim Jung-Hoဟာအရမ်းတော်တဲ့အမှုစစ်တစ်ယောက်ပေမယ့် မိသားစုအရေးကိစ္စကြောင့် အမှုစစ်ရာထူးကနေနှုတ်ထွက်ပြီး အလုပ်မရှိပဲနေနေတာပဲဖြစ်ပါတယ်။ ဒါပေမယ့် အလုပ်သာမရှိပေမယ့် အဆောက်အဦးတစ်ခုကိုပိုင်ဆိုင်ထားတာကြောင့် အဲ့အဆောက်အဦးရဲ့အပေါ်ဆုံးအထပ်မှာပဲနေထိုင်ပြီးကျန်တာတွေကိုတော့ငှားစားထားတာပဲဖြစ်ပါတယ်။
Kim Yoo-Riဟာဆိုရင်တော့ အမှန်တရားကိုမြတ်နိုးတဲ့ရှေ့နေတစ်ယောက်ဖြစ်ပါတယ်။ သူမဟာဆိုရင်ယခင်ကတော့ ကိုရီးယားနိုင်ငံရဲ့နာမည်ကြီးရှေ့နေရုံးတွေထဲကတစ်ခုမှာအလုပ်လုပ်ခဲ့ပေမယ့် အကြောင်းတစ်စုံတစ်ရာကြောင့်အလုပ်ထွက်ပြီး လက်ရှိမှာတော့ Kim Jung-Hoရဲ့အဆောက်အဦးမှာငှားရမ်းပြီး Law Cafeဆိုတဲ့ကဖေးဆိုင်လေးဖွင့်လှစ်ထားပါတယ်
အဲ့ကဖေးဆိုင်ကိုလာရောက်ကြတဲ့လူတွေရဲ့အကြောင်းကိစ္စတွေကိုဘယ်လိုဖြေရှင်းပေးမလဲဆိုတာကို အခွီပေါင်းစုံနဲ့ကြည့်ရမယ့်အပြင် သူတို့နှစ်ဦးရဲ့အချစ်ဇာတ်လမ်းလေးကိုပါတစ်ပါတည်းကြည့်ရှူရမှာကြောင့် လက်မနှေးပဲကြည့်လိုက်ရအောင်နော်
Translated by Mo" & Yezin
Encoded by Aye Chan