Switch Mode

The Power of the Dog(2022)

Download The Power of the Dog(2022), Watch The Power of the Dog(2022), don't forget to click on the like and share button. Series The Power of the Dog always updated at MMFILM. Don't forget to watch other series updates.

The Power of the Dog(2022)

Movie

The Power of the Dog

The Power of the Dog

Rating 6.9
Status: Completed Released: 01 Dec 2021 Duration: 126 min Country: , , , , Type: Drama Director: Casts: , ,
The Power of the Dog (2021) ======================== ဒီတစ်ခေါက် တင်ဆက်ပေးမှာကတော့ ပူပူနွေးနွေး‌ အော်စကာဆုပေးပွဲမှာ စကာတင် ဆယ့်နှစ်ခုဝင်ခဲ့ပြီး "အကောင်းဆုံးဒါရိုက်တာဆု" ကို အနိုင်ယူရရှိခဲ့တဲ့ ဒရမ်မာဇာတ်လမ်း "The Power of the Dog" ပဲဖြစ်ပါတယ်။ အမျိုးသမီးဒါရိုက်တာတစ်ဦးဖြစ်တဲ့ ဂျိမ်းကမ်ပီရွန်ရဲ့ အော်စကာလက်ရာ ဒီရုပ်ရှင်ထဲမှာ သူ့ရဲ့ပညာသားပါမှုကြောင့် အများက Dr.Strange လိုသိကြတဲ့ မင်းသားကြီး Benedict Cumberbatch ကိုတောင်လုံးဝဇာတ်ရုပ်အသစ်နဲ့အံဝင်ခွင်ကျဖြစ်နေတာကို တွေ့ရမှာပါ။ အားလုံးရဲ့ငယ်ဘဝအချစ်ဦးဖြစ်ခဲ့ကြတဲ့ Spiderman မင်းသမီး Kristen Dunst ကိုလည်း မိခင်တစ်ယောက် အိမ်ထောင်ရှင်မတစ်ယောက်အနေနဲ့ ပီပီပြင်ပြင်တွေ့ရမှာဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ မျက်လုံးဖျော့ဖျော့နဲ့ စူးရှတဲ့အကြည့်တွေရှိပြီး ရုပ်ရည်ချောမောတဲ့ Phil Burbank တစ်ယောက်ရဲ့ဘဝမှာ သူ့ အချစ်ဇာတ်လမ်း သူ့စွမ်းအားနဲ့ သူ့ရဲ့အရာရာက ဒီညီအကိုနှစ်ယောက်ပိုင်ဆိုင်တဲ့မွေးမြူရေးခြံလေးထဲမှာပဲ ရှိနေခဲ့တာပါ။သူက ဓားနဲ့ သူစိတ်တိုင်းကျ ခုတ်ထစ်နိုင်တဲ့ဒီနေရာ၊ မြစ်ထဲမှာရွံတွေလူး အဝတ်မပါဘဲ ရေကူးနိုင်တဲ့ ဒီနေရာမှာပဲ ဘဝကိုဖြတ်သန်းနေတဲ့ ကောင်းဘွိင်စစ်စစ်တစ်‌ယောက်ပေါ့။ Burbank ညီအစ်ကိုတွေက Montana မှာ ချမ်းသာတဲ့ မွေးမြူရေးခြံ ပိုင်ရှင်တွေဖြစ်ကြတော့ ဈေးလမ်းမှာရှိတဲ့ Red Mill စားသောက်ဆိုင်မှာဝင်စားရင်း Phil က ပိုင်ရှင်မုဆိုးမ Rose နဲ့ သူမရဲ့သားကိုလှောင်ပြောင်ခဲ့ရာကနေ George တစ်ယောက် Rose နဲ့အကြောင်းပါခဲ့ကြပါတယ်။ Rose ရော သားဖြစ်သူရောက သူတိုညီအစ်ကိုနှစ်ယောက်ရဲ့အိမ်ပေါ်ကိုရောက်လာကြတဲ့အခါမှာတော့ Phil တစ်ယောက် ကြည်ကြည်ဖြူဖြူဆက်ဆံနိုင်ပါ့မလား။ Phil တစ်ယောက် Rose ရဲ့ သားဖြစ်သူ Peter ဆိုတဲ့ ဖြူဖြူဖျော့‌ဖျော့ကောင်လေးနဲ့လည်း အစီးကပ်ပါ့မလားဆိုတာကို ရှုခင်းလှလှ Plot လှလှလေးတွေနဲ့ ကြည့်ရမှာဖြစ်ပါတယ်။ Translated by Thynn Encoded By Zion