The Princess(2022)
------------------------
ဒီတစ်ခါမှာတော့ "The Princess" လို႔အမည္ရတဲ့ Fantasy, Action ဇာတ်ကားကောင်းလေးတစ်ပုဒ်နဲ့ ပရိသတ်ကြီးကို မိတ်ဆက်ပေးလိုက်ပါတယ်။
နန်းမွေဆက်ခံမဲ့ သားယောကျာ်းလေးမရှိတဲ့တိုင်းပြည်မှာ ဘုရင်ကြီးက သမီးတော်အတွက်ကြင်ယာရှာပေးပြီး ထီးနန်းဆက်ခံမဲ့သူရှိဖို့အတွက် မင်းသမီးကို မိသားစုကောင်းက သခင်တစ်ယောက်နဲ့အမြန်နေရာချပေးဖို့ စီစဉ်ပေမဲ့
မင်းသမီးဟာ အိမ်ထောင်ပြုဖို့ထက် တိုက်ခိုက်ရေးသူရဲကောင်းလုပ်တာကို ပိုနှစ်သက်ပြီး မင်္ဂလာဆောင်ဖို့အစီအစဉ်ကိုဖျက်ပါတော့တယ်။
တစ်ဖက်လူကလည်းထီးနန်းကိုသိမ်းပိုက်ချင်လို့ လက်ဆက်တာဖြစ်တဲ့အတွက်၊မင်းသမီးရဲ့ငြင်းတာကိုလည်းခံလိုက်ရပြီးနောက်မှာတော့ ကိုယ်တိုင်ပုန်ကန်မှုကိုစတင်ခဲ့ပါတယ်။
ဒီလိုနဲ့ မင်းသမီးတစ်ယောက် ကိုယ်တိုင်လွတ်မြောက်ရေး၊ တိုင်းပြည်လွတ်မြောက်ရေးအတွက် ပြန်လည်တိုက်ခိုက်ဖို့ဖြစ်လာပါတော့တယ်။
ဒီဇာတ်လမ်းထဲမှာတော့ "The Princess" အဖြစ် "Joey King" မှ သရုပ်ဆောင်ထားပြီး မင်းသမီးရဲ့ ရဲရဲရင့်ရင့်နဲ့တိုက်ခိုက်ပုံ အမိုက်စားလေးတွေကိုလည်းတွေ့ရမှာဖြစ်ပါတယ်။
စိတ်ဝင်စားဖို့ကောင်းတဲ့ ဇာတ်လမ်းလေးလည်းဖြစ်တာကြောင့် နောက်ဆုံးထိ မင်းသမီး တစ်ယောက်ဘယ်လိုရင်ဆိုင်တိုက်ခိုက်သွားမလဲဆိုတာ ကြည့်ရှုအားပေးကြပါဦး။
--------------------------------
Resolution ......720P & 1080P
File Size...........500MB&900MB
Translated by Hnin
Encoded by Zion