Switch Mode

THE WALL (2017)

Movie Sub Released on September 26, 2021 · ? views · Posted by admin · Series The Wall
Expand
Turn Off Light
STREAM SB 1

Download THE WALL (2017), Watch THE WALL (2017), don't forget to click on the like and share button. Series The Wall always updated at MMFILM. Don't forget to watch other series updates.

MOVIE

The Wall

The Wall

Rating 6.2
Status: Completed Released: 18 May 2017 Duration: 88 min Country: Type: Movie Director: Casts: , ,
ဒီကားလေးကတော့၂၀၁၇ ၅လပိုင်းထွက်ကားလေးပါ။ စစ်ကားလို့ထင်ရပေမယ့်ဒီကားလေးကတမူထူးခြားပါတယ်။ အဲဒါထက်အဓိကသရုပ်ဆောင်နှစ်ယောက်မှာလဲနပန်းသမားကြီးJohnCenaပါဝင်သရုပ်ဆောင်ထားတာကိုတွေ့ရမှာပါ။ ဒီကားလေးကပုံမှန်စစ်ကားအတိုက်အခိုက်ကားတွေကနေကွဲထွက်နေတာပါ။
အပစ်အခတ်တွေထက်စကားပြောခန်းပိုပြီးပါတာတွေ့ရမှာပါ။ ပုံမှန်ကြည့်နေကျအမေရိကန်စစ်ကားတွေလိုစစ်တပ်ဆိုင်ရာအမြင်ထက်စစ်ပွဲအကြောင်းကို တဖက်ရှုထောင့်ကနေဖော်ပြပေးထားတာပါ။ ကြည့်လိုက်ရင်တော့တမျိုးကြီးဖြစ်နေပေမယ့်မကောင်းတဲ့တမျိုးကြီးတော့မဟုတ်ပါဘူး။ တွေးစရာလေးတော့ရမယ်ထင်ပါတယ်။ ဇာတ်ကားလေးကို၂၀၀၇ခုနှစ်စစ်ပွဲအပြီးပြန်လည်ထူထောင်ရေးကာလအီရတ်နိုင်ငံတနေရာမှာဇာတ်အိမ်တည်ထားပါတယ်။ အမေရိကန်စစ်တပ်လက်ဖြောင့်သမားနှစ်ဦးဖြစ်တဲ့အိုက်ဇက်နဲ့လက်ထောက်တပ်ကြပ်ရှိန်းတို့ဟာ ဆောက်လုပ်ရေးလုပ်ငန်းခွင်တနေရာမှာပစ်ခတ်မှုဖြစ်တဲ့အတွက်အကူအညီခေါ်လို့သွားရောက်စုံစမ်းထောက်လှမ်းခဲ့ပါတယ်။ အချိန်အတော်ကြာအောင်စောင့်ကြည့်ပေမယ့်ဘာမှမထူးခြားတာကြောင့်တပ်ကြပ်ရှိန်းတယောက် အောက်ကိုဆင်းကြည့်တာမှစပြီးဲဂိုလ်ဆိုးဝင်တာပါပဲ။ Jubaလို့ခေါ်တဲ့အသံတိတ်သေနတ်သမားဆိုတဲ့အတိုင်းအမေရိကန်လက်ဖြောင့်သမားတွေထက်တောင် ကျွမ်းကျင်သူနဲ့ထိပ်တိုက်ရင်ဆိုင်ရပါတော့တယ်။ ရှိန်းတယောက်အပစ်ခံရပြီးနောက်အိုက်ဇက်လည်းနောက်ကလိုက်ကူဖို့ဆင်းသွားပါတယ်။ ဒါပေမယ့်သူလည်းအပစ်ခံလိုက်ရပြီးနှစ်ယောက်သားရန်သူလက်ဖြောင့်သမားရဲ့ထိန်းချုပ်မှုအောက်မှာရောက်သွားပါတယ်။ ဇာတ်လမ်းလေးကိုတော့အဲလိုလေးကျောရိုးတည်ထားပါတယ်။ ဇာတ်ကွက်ထက် စကားပြောခန်းကပိုပြီအခရာကျတဲ့အတွက်ဇာတ်ကားကိုကြည့်ပါမှပိုပြီးအရသာရှိမယ်လို့ပြောချင်ပါတယ်။ ဒီကားထဲမှာပါတဲံJubaဆိုတဲ့အသုံးအနှုန်းဟာတကယ့်လက်တွေ့မှာလည်းအီရတ်စစ်မြေပြင်မှာအမေရိကန်စစ်သားများစွာရဲ့ အသက်ကိုခြွေယူနိုင်ခဲ့တဲ့အသံတိတ်သေနတ်သမားတယောက်ကိုသုံးနှုန်းတဲ့စကားဖြစ်ပါတယ်။ အပစ်အခတ်ကိုဦးစားပေးတာမဟုတ်လို့အကြမ်းပတမ်းတွေတွေ့ရမှာမဟုတ်ပါဘူး။ Ratingအနေနဲ့ကလည်း6.2ထိရထားပါတယ်ဗျာ။ REVIEW CREDIT -=-=-=-=-=-=-=-= ENCODED BY HAY MAN SIZE -1.8GB RESOLUTION-1080P -=-=-=-=-=-=-=