Switch Mode

The Yin-Yang Master: Dream of Eternity (2020)

Movie Sub Released on July 4, 2021 · ? views · Posted by admin · Series The Yin-Yang Master: Dream of Eternity
Expand
Turn Off Light
Download
Meganz 1080P
Sharer 1080 P

Download The Yin-Yang Master: Dream of Eternity (2020), Watch The Yin-Yang Master: Dream of Eternity (2020), don't forget to click on the like and share button. Series The Yin-Yang Master: Dream of Eternity always updated at MMFILM. Don't forget to watch other series updates.

Movie

The Yin-Yang Master: Dream of Eternity

The Yin-Yang Master: Dream of Eternity

Status: Completed Duration: 2 hr . 12 min Type: Movie
ဒီတစ်ခါမှာတော့ Netflix ကနေထွက်ရှိထားတဲ့ စိတ်ကူးယဉ်ဇာတ်ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ဒီဇာတ်ကားလေးထဲမှာ အင်အားကြီးမားလွန်းလှတဲ့ နတ်ဆိုးဝိညာဉ်တွေကို ယင်းယန်ဆရာတစ်ယောက်ဖြစ်တဲ့ ကျင်းမင်က ဆရာသင်ပေးခဲ့တဲ့ပညာရပ်တွေကိုအသုံးချပြီး အကောင်းဆုံးကာကွယ်နှိမ်နင်းသွားတာကို မြင်တွေ့ရမှာဘဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ ကျင်းမင်ဟာ မြေခွေးနတ်ဆိုးမကြီးရဲ့သားဖြစ်ပါတယ်။ သူကလေးအရွယ်မှာဘဲ သူ့အမေသေဆုံးသွားတဲ့အတွက် ကျုံးရှီဆရာကဘဲ သူ့ကိုကာကွယ်စောင့်ရှောက်ပေးထားပါတယ်။ ယင်းယန်ဆရာတွေရဲ့အခြေခံအကျဆုံးပညာရပ်ဖြစ်တဲ့ ခုခံကာကွယ်နည်းဗျူဟာကို သူ့ဆရာဆီကနေ ပညာအမွေရရှိပြီးတော့ ယင်းယန်ဆရာဖြစ်လာပါတယ်။ အင်ပါယာမြို့တော်က ကောင်းကင်ဝတ်ပြုပွဲအခမ်းအနားတက်ရောက်ဖို့ ကျင်းမင်ရောက်လာတဲ့ညမှာဘဲ ဆရာဟုန်းရီအသတ်ခံလိုက်ရပါတယ်။ လူသတ်သမားကို စုံစမ်းစစ်ဆေးဖို့ ဘုရင်မကြီးက ကျင်းမင်ကိုတာဝန်ပေးအပ်လိုက်ပါတယ်။ အင်ပါယာမြို့တော်မှာရှိတဲ့ နတ်ရုပ်ကြီးလေးခုထဲက မြွေနတ်ဆိုးဟာ ပြန်လည်နိုးထလာပါတယ်။ ဒီမြွေနတ်ဆိုးကို နှိမ်နင်းရမယ့် နတ်ဆိုးဝိညာဉ်ဟာ မင်းသမီးလေးရဲ့ ခန္ဓာကိုယ်ထဲမှာဝင်ရောက်နေမှန်း သိလိုက်ရတဲ့အချိန်မှာ ကျင်းမင်နဲ့ ဘိုရာတို့ ဘယ်လိုခက်ခက်ခဲခဲ ရင်ဆိုင်ဖြေရှင်းကြမလဲ မြွေနတ်ဆိုးကရော ဘယ်လိုတွေတုံ့ပြန်တိုက်ခိုက်မလဲဆိုတာ ဆက်လက်ကြည့်ရှူပေးပါဦးပရိသတ်ကြီးရေ…. Translated by - Nezu Encoded by - Nezu