Movie Watch
၁၉၂၀ ပြည့်လွန်နှစ်တွေမှာ ဗြိတိသျှအုပ်ချုပ်မှုလက်အောက်ရောက်နေတဲ့အချိန် အိန္ဒိယနိုင်ငံမှာဇာတ်အိမ်တည်ထားတဲ့ရုပ်ရှင်ပဲဖြစ်ပါတယ်။ ဘူဆာရွာမှာ ဂိုဗင်ဆိုတဲ့ကောင်လေးက မြင်းဇောင်းမှာအလုပ်လုပ်ရင်း မြင်းတွေကိုလက်သပ်မွေးပြီး မြင်းတွေဆိုအရမ်းသဘောကျတဲ့သူတစ်ယောက်ပါ။ သူ့အဖေကလည်း သူတိုရွာမှာရှိတဲ့ မြေပိုင်ရှင်ရဲ့မြင်းတွေကိုထိန်းကျောင်းပေးသူပဲဖြစ်ပါတယ်။ မြင်းဇောင်းမှာအလုပ်လုပ်နေရပေမဲ့လည်း ဗြိတိသျှတွေနဲ့ပေါင်းတဲ့မြေပိုင်ရှင်ရဲ့ဖိနှိပ်မှုကြောင့် မြင်းပေါ်တက်ခွင့်တောင်မရရှာပါဘူး။ တစ်နေ့ မြေပိုင်ရှင်ရဲ့သမီးဖြစ်သူနဲ့ အထင်လွဲပြဿနာတက်ပြီးတဲ့အချိန် ဂိုဗင်တစ်ယောက်ထွက်ပြေးရပါတော့တယ်။ အဲဒါနဲ့ရွာပြင်ရောက်တော့ ဗြိတိသျှတွေဝရမ်းထုတ်ထားတဲ့ တော်လှန်ရေးသမားဗီကရမ်ဆင်းရဲ့ မြင်းနက်ကြီး အာဇက်ကိုတွေ့ပြီး သဘောကျတာနဲ့ အနောက်ကလိုက်သွားရင်း ဗီကရမ်ဆင်းတိုစခန်းဆီရောက်သွားပါတယ်။ မြေပိုင်ရှင်သမီးကိုအထင်လွဲပြီး ပြဿနာတက်မှာကြောက်လိုထွက်ပြေးလာတဲ့ဂိုဗင်၊ လျှိတွေထဲမှာစခန်းချပုန်းရလေ့ရှိတဲ့...
Watch movieStory
၁၉၂၀ ပြည့်လွန်နှစ်တွေမှာ ဗြိတိသျှအုပ်ချုပ်မှုလက်အောက်ရောက်နေတဲ့အချိန် အိန္ဒိယနိုင်ငံမှာဇာတ်အိမ်တည်ထားတဲ့ရုပ်ရှင်ပဲဖြစ်ပါတယ်။ ဘူဆာရွာမှာ ဂိုဗင်ဆိုတဲ့ကောင်လေးက မြင်းဇောင်းမှာအလုပ်လုပ်ရင်း မြင်းတွေကိုလက်သပ်မွေးပြီး မြင်းတွေဆိုအရမ်းသဘောကျတဲ့သူတစ်ယောက်ပါ။ သူ့အဖေကလည်း သူတိုရွာမှာရှိတဲ့ မြေပိုင်ရှင်ရဲ့မြင်းတွေကိုထိန်းကျောင်းပေးသူပဲဖြစ်ပါတယ်။
မြင်းဇောင်းမှာအလုပ်လုပ်နေရပေမဲ့လည်း ဗြိတိသျှတွေနဲ့ပေါင်းတဲ့မြေပိုင်ရှင်ရဲ့ဖိနှိပ်မှုကြောင့် မြင်းပေါ်တက်ခွင့်တောင်မရရှာပါဘူး။ တစ်နေ့ မြေပိုင်ရှင်ရဲ့သမီးဖြစ်သူနဲ့ အထင်လွဲပြဿနာတက်ပြီးတဲ့အချိန် ဂိုဗင်တစ်ယောက်ထွက်ပြေးရပါတော့တယ်။ အဲဒါနဲ့ရွာပြင်ရောက်တော့ ဗြိတိသျှတွေဝရမ်းထုတ်ထားတဲ့ တော်လှန်ရေးသမားဗီကရမ်ဆင်းရဲ့ မြင်းနက်ကြီး အာဇက်ကိုတွေ့ပြီး သဘောကျတာနဲ့ အနောက်ကလိုက်သွားရင်း ဗီကရမ်ဆင်းတိုစခန်းဆီရောက်သွားပါတယ်။
Translated by Bex
Sources