Drama EP 9
Khemjira Special Episode, เขมจิราต้องรอด ตอนพิเศษ
အားလုံးသဘောကျခဲ့ရတဲ့ khemjira စီးရီးလေးကတော့ ၂၀၂၆မှာ နောက်ဆက်တွဲ ထွက်လာခဲ့ပါပြီ။ ကျိန်စာဆိုးများနှင့် ကံကြမ္မာ၏ ဒဏ်ခတ်မှုများကို အတူတကွ ကျော်ဖြတ်လာခဲ့ကြသော ခန် နှင့် နတ်ဆရာ ဖာရန် တိုဟာ ဘဝအသစ်ကို စတင်ရန် ပြင်ဆင်နေကြစဉ်မှာပင် မမျှော်လင့်ထားသည့် အတားအဆီးများနှင့် ထပ်မံရင်ဆိုင်ကြရပါတော့တယ်။ မင်္ဂလာပွဲရက် နီးကပ်လာချိန်မှာပဲ သာမန်မဟုတ်တဲ့ ကြောက်မက်ဖွယ် ကံကြမ္မာတစ်ခုက ခန်ဂျီရာ နဲ့ နတ်ဆရာ...
Open episodesStory
အားလုံးသဘောကျခဲ့ရတဲ့ khemjira စီးရီးလေးကတော့ ၂၀၂၆မှာ နောက်ဆက်တွဲ ထွက်လာခဲ့ပါပြီ။
ကျိန်စာဆိုးများနှင့် ကံကြမ္မာ၏ ဒဏ်ခတ်မှုများကို အတူတကွ ကျော်ဖြတ်လာခဲ့ကြသော ခန် နှင့် နတ်ဆရာ ဖာရန် တိုဟာ ဘဝအသစ်ကို စတင်ရန် ပြင်ဆင်နေကြစဉ်မှာပင် မမျှော်လင့်ထားသည့် အတားအဆီးများနှင့် ထပ်မံရင်ဆိုင်ကြရပါတော့တယ်။
မင်္ဂလာပွဲရက် နီးကပ်လာချိန်မှာပဲ သာမန်မဟုတ်တဲ့ ကြောက်မက်ဖွယ် ကံကြမ္မာတစ်ခုက ခန်ဂျီရာ နဲ့ နတ်ဆရာ ဖာရန် တိုရဲ့ ချိုမြိန်တဲ့ အချစ်ခရီးလမ်းကို နှောင့်ယှက်လာပါတော့တယ်။ မင်္ဂလာပွဲအတွက် အဖိုးတန်အချိန်တွေကို အတူဖြတ်သန်းရမယ့်အစား နတ်ဆရာ တစ်ယောက် ပျောက်ဆုံးနေတဲ့ လူငယ်အဖွဲကို ရှာဖွေဖို ခရီးထွက်သွားခဲ့ရပြီး၊ ခန် ကလည်း သူ့ရဲ့ကိုယ်ပိုင်ဘဝဇာတ်ကြောင်းကို အခြေခံထားတဲ့ ရိုက်ကွင်းပေါ်က ထူးဆန်းကြောက်မက်ဖွယ် လျှိဝှက်ချက်တွေကို ဖော်ထုတ်စုံစမ်းဖို အကြောင်းဖန်လာခဲ့ပါတော့တယ်။
နတ်ဆရာ မရှိတော့သည့် အချိန်တွင် တပည့်ဖြစ်သူ ဂျက် နှင့် ချန် တိုက ခန်နဲ့အတူ သရဲနှင်ထုတ်ခြင်းနှင့် ဝိညာဉ်များကို နှိမ်နင်းရာတွင် ကူညီပေးကြရန် ပါဝင်လာကြပါတော့တယ်။ သရဲတွေကို နှိမ်နင်းပြီး ခန် ကို ဘေးကင်းလုံခြုံစွာနှင့် မင်္ဂလာပွဲအချိန်မီ ပြန်လည်ခေါ်ဆောင်လာနိုင်မလား နတ်ဆရာကလည်း ပျောက်ဆုံးနေတဲ့လူငယ်တွေကို ကယ်တင်နိုင်ပါ့မလားဆိုတာ စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။
Release list