TV Show EP 7State of Divinity, The Smiling Proud Wanderer, Blood Cold and Proud Hot, Xiao Ao Jiang Hu, The Swordsman
IMDB -8/10 (သိုင်းလောကစိန်ခေါ်သံ) ================ သိုင်းလောကထဲက ကြီးကြီးငယ်ငယ် ရွယ်ရွယ်လတ်လတ် ပုရိသအပေါင်းတို့ လေးစားအားကျ မြတ်နိုးခဲ့တဲ့သူရဲကောင်းတစ်ယောက် ရှိခဲ့ပါတယ်။ သူကတော့ အမှန်တရားကိုမြတ်နိုးတတ်တဲ့ ရိုးသားဖြောင့်မတ်တဲ့ ကောက်ကျစ်ရန်လိုမှုကင်းတဲ့ ကျေးဇူးတရားကိုအသက်ထက် စောင့်သိတတ်တဲ့ သူရဲကောင်းလင့်ဟူးချုန်းပဲဖြစ်ပါတယ်။ ဒီသိုင်းစာအုပ်ကို ဖတ်ဖူးတဲ့ ဇာတ်လမ်းကို ကြည့်ဖူးတဲ့သိုင်းလောကသားတိုင်းလည်း သူ့ရဲ့ ကိုယ်ကျင့်စရိုက်ကို အားမကျဖူးတဲ့သူမရှိသလောက်ပါပဲ(ရှက်ကီလည်း သိပ်ကြိုက်တတ်သူပါ) သူ့အတွက် ပါရမီဖြည့်ဖက်အနေနဲ့ကတော့ နတ်မိမယ်တစ်မျှချောမောလှပလွန်းတဲ့ အချစ်ကြီးသလို...
Story
IMDB -8/10
(သိုင်းလောကစိန်ခေါ်သံ)
================
သိုင်းလောကထဲက ကြီးကြီးငယ်ငယ် ရွယ်ရွယ်လတ်လတ် ပုရိသအပေါင်းတို့
လေးစားအားကျ မြတ်နိုးခဲ့တဲ့သူရဲကောင်းတစ်ယောက် ရှိခဲ့ပါတယ်။
သူကတော့ အမှန်တရားကိုမြတ်နိုးတတ်တဲ့ ရိုးသားဖြောင့်မတ်တဲ့
ကောက်ကျစ်ရန်လိုမှုကင်းတဲ့ ကျေးဇူးတရားကိုအသက်ထက်
စောင့်သိတတ်တဲ့ သူရဲကောင်းလင့်ဟူးချုန်းပဲဖြစ်ပါတယ်။ ဒီသိုင်းစာအုပ်ကို
ဖတ်ဖူးတဲ့ ဇာတ်လမ်းကို ကြည့်ဖူးတဲ့သိုင်းလောကသားတိုင်းလည်း သူ့ရဲ့
ကိုယ်ကျင့်စရိုက်ကို အားမကျဖူးတဲ့သူမရှိသလောက်ပါပဲ(ရှက်ကီလည်း
သိပ်ကြိုက်တတ်သူပါ) သူ့အတွက်
ပါရမီဖြည့်ဖက်အနေနဲ့ကတော့ နတ်မိမယ်တစ်မျှချောမောလှပလွန်းတဲ့
အချစ်ကြီးသလို အရှက်ရော အမျက်ပါကြီးတတ်တဲ့ သိုင်းပျိုဖြူလေး
ယဉ်ယဉ်က ပါဝင်အားဖြည့်ထားပြန်တော့ အချိုပေါ်သကာလောင်းလိုက်သလိုပါပဲ
သိုင်းလောကရဲ့ ဒဏ္ဍာရီဓါးသိုင်းတစ်ခုဖြစ်တဲ့ တူးကူးဓါးကိုးကွက်ရဲ့(ဧကရာဇ်ကိုးကွက်)နက်ရှိုင်းမြင့်မားပုံကိုလည်း ကြည့်ရှုခံစားနိုင်မှာပါ။
သိုင်းလောကသားတို့ရဲ့ အတောမသတ်နိုင်တဲ့ရမ္မက်ဆန္ဒတွေ သူတော်ကောင်း
လမ်းမှန်လို့ ခံယူထားသူတစ်ချို့ရဲ့ ကန့်လန့်ကာနောက်ကွယ်က ယုတ်မာ
ရိုင်းစိုင်းမှုတွေ အဖြူနဲ့အမဲ အမှားနဲ့ အမှန်ကြားက ဖြူစင်စွာနှောင်ဖွဲ့မိခဲ့တဲ့
သံယောဇဉ်အပိုင်းအစတွေ ငါးစာရဲ့နောက်ကွယ်ကနေ ပါလာတတ်တဲ့
အသွားထက်ထက်နဲ့ ငါးမျှားချိတ်တွေ အချစ်အလွမ်း အမုန်းအာဃာဒ
နူးညံ့တဲ့ ဂီတ သံယောဇဉ်စတဲ့ ရသအမျိုးမျိုးနဲ့ ခြယ်မှုန်းထားခဲ့တဲ့
သိုင်းလောကရဲ့စိန်ခေါ်သံဆိုတဲ့ ဇာတ်လမ်းတွဲကြီးဟာ မူရင်းစာရေးဆရာ
ကျင်းယုံရဲ့ ဝတ္တုကို ၂၀၀၁ ခုနှစ်မှာဇာတ်လမ်းတွဲအနေနဲ့ ပြန်လည်ရိုက်ကူးထားခဲ့တာပါ။
Release list
Check back after the next catalog update.