TV Show EP 7
Legend of Eagle Shooting Hero, Legend of the Arching Hero, She Diao Ying Xiong Zhuan, 射雕英雄传, The Legend of the Condor Heroes, Eagle Shooting Heroes
ဇာတ်လမ်းအကျဉ်း ဒီဇာတ်လမ်းရဲ့ ခေတ်ကိုတော့ စုန့်မင်းဆက်မှာ အခြေခံထားပါတယ်။ ကာလကတော့ ကျင်းလူမျိုးတွေ အင်အားကြီးမားနေချိန်၊ မွန်ဂိုတွေက သဲကန္တာရကို စိုးမိုးနေချိန်ပဲ ဖြစ်ပါတယ်။ စုန့်ဘုရင်ကလည်း စာပေအနုပညာကလွဲပြီး တိုင်းရေးပြည်ရေးကို စိတ်မဝင်စားတော့ပါဘူး။ သူ့ရဲ့ အမတ်ချုပ်ကြီး ကျင့်ဟိုင်က သစ္စာရှိအမတ်တွေကို ရှင်းထုတ်ရင်း နန်းတွင်းမှာ အုပ်စိုးနေပါတော့တယ်။ စစ်သူကြီးယွဲ့ဖေးကို သတ်ဖြတ်ခဲ့ပြီး ကျင်းလူမျိုးတွေနဲ့ စစ်ပြေငြိမ်းထားပါတယ်။ နေရာအနှံ့မှာလည်း အမတ်တွေ အကျင့်ပျက်ပြီး...
Story
ဇာတ်လမ်းအကျဉ်း
ဒီဇာတ်လမ်းရဲ့ ခေတ်ကိုတော့ စုန့်မင်းဆက်မှာ အခြေခံထားပါတယ်။ ကာလကတော့ ကျင်းလူမျိုးတွေ အင်အားကြီးမားနေချိန်၊ မွန်ဂိုတွေက သဲကန္တာရကို စိုးမိုးနေချိန်ပဲ ဖြစ်ပါတယ်။ စုန့်ဘုရင်ကလည်း စာပေအနုပညာကလွဲပြီး တိုင်းရေးပြည်ရေးကို စိတ်မဝင်စားတော့ပါဘူး။ သူ့ရဲ့ အမတ်ချုပ်ကြီး ကျင့်ဟိုင်က သစ္စာရှိအမတ်တွေကို ရှင်းထုတ်ရင်း နန်းတွင်းမှာ အုပ်စိုးနေပါတော့တယ်။ စစ်သူကြီးယွဲ့ဖေးကို သတ်ဖြတ်ခဲ့ပြီး ကျင်းလူမျိုးတွေနဲ့ စစ်ပြေငြိမ်းထားပါတယ်။ နေရာအနှံ့မှာလည်း အမတ်တွေ အကျင့်ပျက်ပြီး ပြည်သူတွေကို ဖိနှိပ်နေချိန်ပါ။ ဒါကြောင့် သိုင်းလောကသားတွေ ဒီအတိုင်း ကြည့်မနေနိုင်တော့ဘဲ နေရာအနှံ့မှာ အကျင့်ပျက်အမတ်တွေကို သုတ်သင်ရင်း တိုက်ပွဲတွေ ဖြစ်လာပါတော့တယ်။ ဒီတိုက်ပွဲတွေကြားထဲမှာ ညပ်ပြီး ဒုက္ခရောက်သွားတဲ့ ကောမိသားစုနဲ့ ယန်မိသားစု၊ သူတို့ရဲ့ သားတွေဖြစ်တဲ့ ကောကျင့် နဲ့ ယန်ခန်းတို့က အဓိက ဇာတ်ကောင်တွေဖြစ်လာပါတယ်။
သိုင်းလောကထဲမှာတော့ ဒီကာလမှာ ထိပ်သီးကြီး ၅ ဦးပေါ်ပေါက်လာပါတော့တယ်။ အရှေ့မက်မုံကျွန်းသခင်၊ အနောက်အဆိပ်၊ တောင်ပိုင်းဘုန်းကြီး၊ မြောက်ပိုင်း သူဖုန်းစားနဲ့ အလယ်ပိုင်း သူတော်စင်တို့ပါပဲ။ ဒီဇာတ်လမ်းဟာ သိုင်းလောက နဲ့ နိုင်ငံရေးစစ်ရေးတွေကို ဟာကွက်မရှိအောင် ရေးသားထားတဲ့ ဂန္ဓာဝင်ဝတ္ထုကြီးကို ပြန်လည်ရိုက်ကူးထားတာဖြစ်လို့ ဘယ်အချိန်ပြန်ကြည့်ကြည့် ရိုးသွားလိမ့်မယ် မထင်ပါဘူးဗျာ။
Release list
Check back after the next catalog update.