Movie Watchဒီဇာတ်ကားက Animeဆိုပေမယ့် မြင်တွေ့နေကျ 2D ပုံစံမဟုတ်ပဲနဲ့ အနောက်တိုင်းဆန်ဆန်3D animationပုံစံကိုသုံးထားတာကိုတွေ့ရမှာပဲဖြစ်ပါတယ် ဇာတ်လမ်းအကျဉ်းကိုပြောရရင်တော့ ကမ္ဘာပေါ်မှာ ပရော်ဖက်ဆာကြီးဘရစ်ဆန်ရဲ့ဒိုင်ယာရီစာအုပ်ဟာအဖိုးမဖြတ်နိုင်ဘူးဆိုပြီးလူသိများပါတယ် တစ်ရက်မှာတော့ အဲ့ဒီစာအုပ်ကို Lupin IIIဆိုတဲ့နာမည်ကျော်သူခိုးတယောက်ကလာခိုးမယ်လို့စာပို့လာပါတယ်။ အဲ့ဒီစာအုပ်ကိုလုံခြုံရေးယူပေးနေတာကလည်း Lupinရဲ့မဟာရန်သူတော်ကြီးဖြစ်တဲ့ စုံထောက်ကြီးZenigataပါ။ Lupinလာမယ်ဆိုလို့ ယင်ကောင်တောင်ဖြတ်ပျံလို့မရအောင်သေချာစောင့်နေတာပါ။ ဒါပေမယ့် Lupinအပြင် အဆိုပါဒိုင်ယာရီကိုလိုချင်နေတဲ့ကြီးမားတဲ့အဖွဲ့ကြီးတစ်ဖွဲ့လည်းရှိနေပါတယ်။ အဲ့ဒီအဖွဲ့ကြီးဟာ ဘယ်သူတွေလဲ ဘာလို့အဲ့ဒီဒိုင်ယာရီကိုဘာလို့လိုချင်နေရတာလဲ ဒိုင်ယာရီနဲ့ပတ်သတ်တဲ့ရတနာသိုက်ကဘယ်လိုမျိုးလဲ အဖိုးမဖြတ်နိုင်တဲ့ရတနာဆိုတာဘာလဲဆိုတာတွေကို ကိုယ်တိုင်ပဲကြည့်ရှုခံစားလိုက်ပါ။ Translated by...
Watch movieStory
Sources