Movie Movie
The Hill ဇာတ်ကားဟာဆိုရင် ဖြစ်ရပ်မှန်ကို ဇာတ်အိမ်တည်ပြီး ရိုက်ကူးထားတဲ့ အတ္ထုပ္ပတ္တိ ရုပ်ရှင်အမျိုးအစားဖြစ်ပါတယ်။ ရစ်ကီဟေးလ်ဆိုတဲ့ ကလေးဟာ မွေးရာပါ ခြေထောက်တွေ မသန်မစွမ်းဖြစ်နေပြီး အသက်ကိုးနှစ်အရွယ်ထိ လမ်းလျှောက်ဖိုတင်ကို Brace တွေတပ်ပြီး နေခဲ့ရတဲ့သူပါ။ Rickey Hill ဖခင်ဖြစ်သူက သင်းအုပ်ဆရာဖြစ်ပြီး သူ့အလုပ်ကို မိသားစုထက်အရင် အလေးပေးရှေ့တန်းတင်ခဲ့သူပါ။ Rickey Hill ရဲ့အိမ်မက်ကတော့ တစ်နေ့မှာ ပရော်ဖက်ရှင်နယ်ဘေ့စ်ဘောကစားသမား...
Watch movieStory
The Hill ဇာတ်ကားဟာဆိုရင် ဖြစ်ရပ်မှန်ကို ဇာတ်အိမ်တည်ပြီး ရိုက်ကူးထားတဲ့ အတ္ထုပ္ပတ္တိ ရုပ်ရှင်အမျိုးအစားဖြစ်ပါတယ်။
ရစ်ကီဟေးလ်ဆိုတဲ့ ကလေးဟာ မွေးရာပါ ခြေထောက်တွေ မသန်မစွမ်းဖြစ်နေပြီး အသက်ကိုးနှစ်အရွယ်ထိ လမ်းလျှောက်ဖိုတင်ကို Brace တွေတပ်ပြီး နေခဲ့ရတဲ့သူပါ။
Rickey Hill ဖခင်ဖြစ်သူက သင်းအုပ်ဆရာဖြစ်ပြီး သူ့အလုပ်ကို မိသားစုထက်အရင် အလေးပေးရှေ့တန်းတင်ခဲ့သူပါ။
Rickey Hill ရဲ့အိမ်မက်ကတော့ တစ်နေ့မှာ ပရော်ဖက်ရှင်နယ်ဘေ့စ်ဘောကစားသမား ဖြစ်လာပြီး Major League ပွဲမှာ ကစားရဖိုပါတဲ့။
Rickey ရဲ့ အစ်ကိုနဲ့အစ်မကတော့ သူတိုအငယ်လေးရဲ့အိပ်မက်ကို ငယ်ငယ်တည်းက အားပေးခဲ့ပါတယ်။
Rickey အားထုတ်မှုကြောင့် အထက်တန်းအရွယ်ဘေ့စ်ဘောရိုက်တဲ့နေရာမှာ အတော်ဆုံးဖြစ်လာပေမဲ့ ခွင့်မပြုတဲ့ ဖခင်ရဲ့အတ္တကိုလည်း ရင်ဆိုင်ရပါတယ်။
အတိုချုပ်ပြောရရင် သူ့ကျောရိုးက အသက်နဲ့မလိုက်အောင် အသက် ၆၀အရွယ် ဖြစ်နေတာပါ။
ဒီအတွက် ခွဲစိတ်ခတွေ အလွန်အမင်းကုန်ကျမှာမို ရန်ပုံငွေတွေရှာပြီး ကြိုးစားကုသခဲ့ပါတယ်။
ဒီလို ဘဝတစ်လျှောက်လုံး ကြုံတွေ့ခဲ့ရတဲ့ စိန်ခေါ်မှုတွေအခက်အခဲတွေကို ကျော်ဖြတ်လို ဖခင်ရဲ့ အားပေးမှုကို
နောက်ဆုံးမှာ ရယူနိုင်ခဲ့ပြီး ပရော်ဖက်ရှင်နယ် ဘေ့စ်ဘောကစားသမားဖြစ်လာတဲ့ ရစ်ကီဟေးလ်ရဲ့ ဇာတ်လမ်းကို စိတ်ဓာတ်ခွန်အားတက်ကြွဖွယ် စီးမျော ခံစားရမှာပါ။
Yoteshin Drive ကဒေါင်းလုပ်လုပ်ချင်သူများအနေဖြင့် ဒီလင့် (နှိပ်ပါ) ကနေပြထားတဲ့အတိုင်း အရင်ဆုံးloginလေးဝင်ထားဖို့တော့လိုမယ်နော်
Sources