Movie WatchIMDb Rating – 7.2/10 2018မှာ စထုတ်ပြီး နာမည်ကြီးလာတဲ့ ဒီManga seriesကို Netflix ကနေ Animeအဖြစ် အသက်သွင်းလိုက်ပါတယ်။ Season 1မှာ တစ်ပိုင်းကို ၁၈မိနစ်၊ စုစုပေါင်း အပိုင်း(၅)ပိုင်းပါပါတယ်။ Trailer စထုတ်တဲ့မနှစ်ကတည်းက လူစိတ်ဝင်စား များနေတဲ့ anime ဖြစ်သလို ထွက်လာတဲ့အချိန်မှာလည်း စိတ်ကျေနပ်မှုကို တော်တော်လေးပေးနိုင်ပါတယ် ဇာတ်လမ်းအကျဉ်းက… မြေအောက်လောကမှာ...
Open episodesStory
IMDb Rating – 7.2/10
2018မှာ စထုတ်ပြီး နာမည်ကြီးလာတဲ့ ဒီManga seriesကို Netflix ကနေ Animeအဖြစ် အသက်သွင်းလိုက်ပါတယ်။
Season 1မှာ တစ်ပိုင်းကို ၁၈မိနစ်၊ စုစုပေါင်း အပိုင်း(၅)ပိုင်းပါပါတယ်။ Trailer စထုတ်တဲ့မနှစ်ကတည်းက လူစိတ်ဝင်စား
များနေတဲ့ anime ဖြစ်သလို ထွက်လာတဲ့အချိန်မှာလည်း စိတ်ကျေနပ်မှုကို တော်တော်လေးပေးနိုင်ပါတယ်
ဇာတ်လမ်းအကျဉ်းက…
မြေအောက်လောကမှာ နှစ်တော်တော်ကြာကျင်လည်ခဲ့တဲ့ ယာကူဇာဘော့စ်တစ်ယောက် ဒုစရိုက်လောကကနေ
အနားယူလိုက်ပြီးတဲ့နောက်မှာတော့ အိမ်ထောင်ကျပြီး အိမ်ရှင်ထီးတစ်ယောက်ဖြစ်လာပါတော့တယ်။ အိမ်ရှင်ထီး ဘဝက
အလွဲတွေ၊ ဟာသတွေကို စိတ်ဝင်စားစရာကောင်းအောင် တင်ဆက်ထားတာကြောင့် စိတ်ညစ်စရာကာလမှာ တစ်ခါလောက်
ပြုံးချင်ကြတဲ့လူတွေတော့ အကြိုက်တွေ့ကြမှာပါ။
P.S ဒီAnimeကို Animeဖန်အများစုကတော့ မန်ဂါနဲ့ယှဉ်ပြီး သိပ်အကြိုက်မတွေ့ပါဘူး။ Animeတစ်ခုအနေနဲ့
ကြည့်ကြမယ့်လူတွေအတွက်တော့ မပြေလှပါဘူး။ ဒါပေမဲ့ ဒီကာလတွေမှာ ကျွန်တော်တို့ တစ်ခါငိုရတာတွေ သိပ်
များနေပါပြီ။ ဒီAnimeဟာ ကျွန်တော်တို့ကို တစ်ခါမကတော့ပြုံးစေမှာပါ။ ကျွန်တော့်အနေနဲ့ အာမခံလို့ရတာကတော့
ဒီဇာတ်လမ်းလေးဟာ အရင်က အကြည်တော်၀တ္တုတွေလို ရယ်ရပြီး ဒီရုပ်ရှင်ထဲက မိခုနဲ့တဆုအတွဲကလေးဟာ
လက်တွေ့ဘ၀အတွဲတွေလို အလွဲကလေးတွေနဲ့ သိပ်ချစ်စရာကောင်းပါတယ်။ ငိုရတာတွေကို ကျော်ဖြတ်ဖို့ ပြုံးရမှာ
တွေလည်း ရှိဖို့လိုတယ်မလား။ ဒီဇာတ်လမ်းဟာ မိတ်ဆွေငွေပေး၀ယ်လို့မရတဲ့ အပြုံးတွေကို ပေးစွမ်းနိုင်မှာပါ။
Release list