Movie Watch
Transformer One 2024 ဒါလေးကတော့ နာမည်ကြီး Transformers ကားတွေရဲ့ Animated version လေးပဲဖြစ်ပါတယ်။ Optimus Prime ဖြစ်တည်လာပုံကို version တစ်မျိုးနဲ့ ဖန်တီးတင်ဆက်ထားပြီး အတော်လေးကြည့်လို့ကောင်းတဲ့ လက်ရာတစ်ခုပါပဲ။ ဇာတ်လမ်းအကျဥ်းကတော့ ဆိုက်ဘာထရွန်ဂြိုဟ် Quantisson တွေနဲ့ စစ်ပွဲအတွင်းမှာ Prime တွေကိုရော ဂြိုဟ်ရဲ့အခရာဖြစ်တဲ့ Leadership Matrix ကိုပါ ဆုံးရှုံးလိုက်ရပါတယ်။...
Story
Transformer One 2024
ဒါလေးကတော့ နာမည်ကြီး Transformers ကားတွေရဲ့ Animated version လေးပဲဖြစ်ပါတယ်။ Optimus Prime ဖြစ်တည်လာပုံကို version တစ်မျိုးနဲ့ ဖန်တီးတင်ဆက်ထားပြီး အတော်လေးကြည့်လို့ကောင်းတဲ့ လက်ရာတစ်ခုပါပဲ။
ဇာတ်လမ်းအကျဥ်းကတော့ ဆိုက်ဘာထရွန်ဂြိုဟ် Quantisson တွေနဲ့ စစ်ပွဲအတွင်းမှာ Prime တွေကိုရော ဂြိုဟ်ရဲ့အခရာဖြစ်တဲ့ Leadership Matrix ကိုပါ ဆုံးရှုံးလိုက်ရပါတယ်။ Matrix ဆုံးရှုံးခြင်းနဲ့အတူ စွမ်းအင်ပင်မရင်းမြစ်ဖြစ်တဲ့ Energon တွေလည်း ခမ်းခြောက်သွားတာကြောင့် မိုင်းလုပ်သားတွေနဲ့ တူးဖော်ရယူရပါတယ်။
အနှိမ်ခံမိုင်းလုပ်သားတွေထဲက D-16 နဲ့ Orion Pax ဟာအခင်ဆုံးသူသယ်ချင်းတွေဖြစ်ကြပါတယ်။ Orion ကတော့ ရွှတ်နောက်နောက်နေတတ်သလောက် ထက်မြက်တဲ့စက်ရုပ်လည်းဖြစ်ပါတယ်။ တစ်နေ့ သူတို့ ဆိုက်ဘာထရွန်မှာ Iacon 500 ပြိုင်ပွဲကျင်းပတဲ့နေ့မှာပဲ..အားလုံးရဲ့ကံကြမ္မာတွေ ပြောင်းပြန်လန်ဖို့ အကြောင်းဖန်လာခဲ့ပါတော့တယ်…။
Orion အဖြစ် သော်ရ်မင်းသား Chris Hemsworth ကခေါင်းဆောင်ပါ၀င်ပြီး မမ Scaelett Johansson ကလည်း Elita -1 အဖြစ် အသံသရုပ်ဆောင်ထားပါတယ်။ ကြည့်ကောင်းပြီး ခမ်းနားတဲ့ animation လက်ရာကြောင့် အများ နှစ်သက်ကြဦးမယ့် ကားလေးအဖြစ် တင်ဆက်လိုက်ပါတယ်။
Yoteshin Drive ကဒေါင်းလုပ်လုပ်ချင်သူများအနေဖြင့် ဒီလင့် (နှိပ်ပါ) ကနေပြထားတဲ့အတိုင်း အရင်ဆုံးloginလေးဝင်ထားဖို့တော့လိုမယ်နော်
Sources
Check back after the next catalog update.