Drama EP Episode 52
Boseuui Nogoljeog Chwihyang, The Boss's Blatant Taste, The Boss's Explicit Taste
What a Boss Wants (2026) ဒီဇာတ်ကားလေးကတော့ ဘဝမှာ ဘာနဲ့မှ နှစ်သိမ့်မှုမရဘဲ အရာရာက ရှုပ်ထွေးကာ ဟာတာတာဖြစ်နေတဲ့ SY Entertainment ရဲ့ CEO မျက်နှာသေ ခွန်ဒိုဟြော့ ဆိုတဲ့သူအကြောင်းကနေ စတင်ပါတယ်။ ခွန်ဒိုဟြော့က ရုပ်ပိုင်းဆိုင်ရာ ထိခိုက်နာကျင်တဲ့အခါတောင် မျက်ရည်တစ်ပေါက်မှ မကျတတ်လောက်အောင် ခံစားချက်ကင်းမဲ့နေပြီး စစ်ပွဲနောက်ဆက်တွဲ စိတ်ဒဏ်ရာ (PTSD) ကြောင့်...
Open episodesStory
What a Boss Wants (2026)
ဒီဇာတ်ကားလေးကတော့ ဘဝမှာ ဘာနဲ့မှ နှစ်သိမ့်မှုမရဘဲ အရာရာက ရှုပ်ထွေးကာ ဟာတာတာဖြစ်နေတဲ့ SY Entertainment ရဲ့ CEO မျက်နှာသေ ခွန်ဒိုဟြော့ ဆိုတဲ့သူအကြောင်းကနေ စတင်ပါတယ်။
ခွန်ဒိုဟြော့က ရုပ်ပိုင်းဆိုင်ရာ ထိခိုက်နာကျင်တဲ့အခါတောင် မျက်ရည်တစ်ပေါက်မှ မကျတတ်လောက်အောင် ခံစားချက်ကင်းမဲ့နေပြီး စစ်ပွဲနောက်ဆက်တွဲ စိတ်ဒဏ်ရာ (PTSD) ကြောင့် နှစ်ရှည်လများ အိပ်မက်ဆိုးတွေ မက်ကာ အိပ်မိုပျော်ဖြစ်နေတာကြောင့် ဆရာဝန်နဲ့ပြတဲ့အခါ ထူးဆန်းတဲ့ကုထုံးတစ်ခုကို ရရှိလာပါတယ်။ ဆရာဝန်က သူ့အာရုံကြောတွေကို ငြိမ်သက်စေမယ့် အသံပိုင်ရှင်မိန်းကလေးတစ်ယောက်ရှိကြောင်းနဲ့ အမြန်ဆုံးမရှာတွေ့ရင် ဆိုးဝါးတဲ့ ဘေးထွက်ဆိုးကျိုးတွေ ဖြစ်လာနိုင်ကြောင်း ညွှန်ကြားခဲ့ပါတယ်။
အဲဒီလိုအချိန်မှာပဲ မိန်းမရှုပ်တဲ့ နာမည်ကြီးတဲ့ သူ့အဖေကြောင့် အင်ဒီဘုဒ်အဖွဲရဲ့ အခွေတစ်ချပ် သူ့စားပွဲပေါ်ကို ရောက်လာခဲ့ပြီး အဲဒီအထဲက အသံဟာ သူ့ရဲ့အမိုက်ဆုံးအချိန်တွေမှာ သူ့ကိုကယ်တင်ပေးခဲ့တဲ့ စွဲမက်ဖွယ်အသံပိုင်ရှင်မှန်း သိလိုက်ရတဲ့အခါမှာတော့ တည်ငြိမ်နေတဲ့ သူ့နှလုံးခုန်သတွေ ရုတ်တရက် စတင်လှုပ်ခတ်လာပါတော့တယ်။ ဒါပေမဲ့ သူ့အဖေကပါ အဲဒီမိန်းကလေးကို တိတ်တဆိတ် သဘောကျနေမှန်း သိလိုက်ရတဲ့အခါမှာတော့ သူကိုယ်တိုင် အရင်ဆုံးသွားရှာဖို ကြိုးစားရပါတော့တယ်။
အဲဒီလိုနဲ့ ကုသပေးနိုင်တဲ့ အသံပိုင်ရှင်မိန်းကလေးကို လိုက်ရှာရင်းကနေ ခံစားချက်ကင်းမဲ့နေတဲ့ သူ့ဘဝတစ်ခုလုံး ရူးသွပ်စရာကောင်းတဲ့ အချစ်ဇာတ်လမ်းတွေနဲ့ ပြည့်နှက်လာပြီး သူ့ရဲ့ စွဲလမ်းမှုလွန်ကဲတဲ့ အကျင့်စရိုက်တွေပါ တစိမ့်စိမ့် ပေါ်ထွက်လာမယ့်အပြင် ရင်ခုန်စိတ်လှုပ်ရှားစရာ အလွန်ကောင်းတဲ့ ဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်လို လက်လွတ်မခံတမ်း ကြည့်ရှုသင့်ပါတယ်။
Translated by MMFILM K- Team
Encoded by KIRA
Release list