Utopia (2024)
ကမ္ဘာဦးစကတည်းက မိန်းမတွေဟာ ယောကျာ်းသားတွေကို ကြီးကျယ်တဲ့အရာတွေကို လုပ်ဆောင်နိုင်အောင် လှုံ့ဆော်ပေးနိုင်စွမ်းရှိသူတွေပါ မိန်းမကြောင့် စစ်မက်တွေဖြစ်ခဲ့ရသလို မိန်းမကြောင့်ထီးနန်းပျောက်တယ် ပြည်ပျက်ခဲ့ရတယ်ဆိုတဲ့ သာဓကတွေလည်းရှိခဲ့ပါတယ် ဒီလိုမျိုးမိန်းမသားတွေရဲ့ စွမ်းရည်ကို သိထားတဲ့ ဂျယ်ရမီဇင်းနားဟာ "ယူတိုးပီးယား"လို့ခေါ်တဲ့ စိတ်ကူးယဉ်ကမ္ဘာတစ်ခုကိုဖန်တီးခဲ့ပါတယ်
ယူတိုးပီးယားမှာဆိုရင် နုနယ်လှပတဲ့ မိန်းမပျိုလေးတွေက ယောက်ျားထုကြီးကို ပျော်တော်ဆက်ဖို့ အဆင်သင့်ရှိကြပါတယ် ထူးခြားချက်ကတော့ အဲဒီကမ္ဘာမှာ ခေတ်အမျိုးမျိုးဆီ ကူးပြောင်းနိုင်ပြီး ကိုယ်အလိုရှိရာခေတ်မှာ မိန်းမလှလေးတွေနဲ့ ပျော်စံနိုင်တာပဲဖြစ်ပါတယ် အဲကမ္ဘာကိုစူးစမ်းဖို့အတွက် ရဲဝန်ထမ်းဒေမွန်ဟာ ယူတိုးပီးယားကို ဝင်ရောက်ခဲ့ရာကနေ မမျှော်လင့်ဘဲ သူ့ရဲ့အိမ်ပြေးဇနီးသည်အဲလက်ဇစ်စ်ကိုပါ တွေ့ရှိခဲ့ပါတယ် အဲလက်ဇစ်စ်ဟာ မှတ်ဉာဏ်ပျောက်နေပြီး ပရိုဂရမ်သွင်းခံထားရတာကြောင့် တခြားသူတစ်ဦးလိုပြောင်းလဲသွားခဲ့ပါတယ် အဲနောက်မှာတော့ ဒေမွန်ဟာ ယူတိုးပီးယားကို မွှေနှောက်ဖို့အပြင် သူ့ရဲ့ဇနီးသည်ကို ကယ်ထုတ်ရမဲ့တာဝန်ပါထပ်တိုးလာပါတော့တယ်
Translated & Reviewed by Hyo
Encoded by Flashy
Yoteshin Drive ကဒေါင်းလုပ်လုပ်ချင်သူများအနေဖြင့် ဒီလင့် (နှိပ်ပါ) ကနေပြထားတဲ့အတိုင်း အရင်ဆုံးloginလေးဝင်ထားဖို့တော့လိုမယ်နော်