ဒီတစ်ခါကတော့ Dawn of the planet of the apes ရဲ့နောက်ဆက်တွဲတစ်ခုပဲဖြစ်ပါတယ်
ဇာတ်လမ်းလေးကတော့ စမ်းသပ်ခံမျောက်ဝံခေါင်းဆောင်ဦးဆောင်တဲ့မျောက်ဝံတပ်ဖွဲ့နဲ့ အဲ့မျောက်ဝံတွေကိုချေမှုန်းပစ်မယ့်လူသားတွေအကြောင်းကိုဇာတ်အိမ်တည်ထားပါတယ်
မျောက်ဝံတွေကိုချေမှုန်းတဲ့လူသားတပ်ဖွဲ့က ဆီဇာရဲ့မိန်းမနဲ့သားအကြီးဆုံးကို ရက်ရက်စက်စက်သတ်ပစ်ခဲ့ပါတယ်
အဲ့အချိန်မှာမိန်းမနဲ့သားအတွက်ကလဲ့စားရယ် ကျန်ရှိနေတဲ့မျောက်ဝံတပ်သားတွေကိုကာကွယ်ဖို့ရန်အတွက် ဆီဇာတစ်ယောက်ကြိုးစားရပါတော့တယ်
စစ်ပွဲကလည်းအကြီးအကျယ်ကိုဖြစ်ပွားပြီး နောက်ဆုံးမှာတော့သူတို့မျောက်ဝံတပ်ဖွဲ့မှာသစ္စာဖောက်တစ်ယောက်ကြောင့်အဖမ်းခံခဲ့ရပါတယ်
ဒါပေမယ့်ကူညီမယ့်သူတွေပေါ်လာပြီးတစ်ဖန်လွတ်မြောက်သွားတဲ့အခါမှာတော့ ဘယ်လိုတွေဆက်လက်ဖြစ်ပွားမလဲဆိုတာကိုတော့ ကြည့်ရှုရမှာပဲဖြစ်ပါတယ်
IMDb 7.4ရရှိထားတဲ့အတွက်ကြောင့်ဇာတ်ကားကောင်းတစ်ကားဆိုတာမမှားပါဘူး...
Translated by KK
Encoded by Aye Chan