Switch Mode

Wonka (2023)

Movie Sub Released on January 22, 2024 · ? views · Posted by admin · Series Wonka
Expand
Turn Off Light
Download
Movie 720P

Download Wonka (2023), Watch Wonka (2023), don't forget to click on the like and share button. Series Wonka always updated at MMFILM. Don't forget to watch other series updates.

Yoteshin Drive ကဒေါင်းလုပ်လုပ်ချင်သူများအနေဖြင့် ဒီလင့် (နှိပ်ပါ) ကနေပြထားတဲ့အတိုင်း အရင်ဆုံးloginလေးဝင်ထားဖို့တော့လိုမယ်နော်

Wonka

Wonka

Rating 7.3
Status: Completed Released: 15 Dec 2023 Duration: 116 min Country: , , Type: Movie Director: Casts: , ,
မထွက်ခင်ကတည်းက နာမည်ကြီးနေတဲ့ Timothée Chalamet ရဲ့ Wonka Fantasy Musical film အကြည်ဗာရှင်း ထွက်ရှိလာခဲ့ပါပြီ။ ဒီကားလေးမှာဆိုရင် ချောကလက်လုပ်ရတာကိုနှစ်ခြိုက်တဲ့ ... ချောကလက်လုပ်ရတာကို အလွန်အကျူး စွဲလမ်းတဲ့ ထက်မြက်ပြီး ဉာဏ်ကောင်းတဲ့ လူငယ်လေး Willy Wonka အဖြစ် Call me by your name..Dune စတဲ့ကားတွေနဲ့ ပရိတ်သတ်ကိုဖမ်းစားနိုင်ခဲ့တဲ့ Timothée Chalamet ကို မြူးကြွဖျတ်လတ်တဲ့ ချစ်စရာလူငယ်လေးအဖြစ် ရှုစားရမှာပါ။ မိခင်မရှိတဲ့နောက် တစ်ကိုယ်တည်းအိပ်မက်တွေတပွေ့တပိုက်တစ်ပွေ့တပိုက်နဲ့ ပင်လယ်ပြင်မှာ နှစ်လရှည်ကြာရွက်လွှင့်ပြီး အကောင်းဆုးချောကလက်တွေထွက်ရှိရာ ဂလာရီဂေါမက်မြိုကို ရောက်လာခဲ့တဲ့ လူငယ်လေး Willy Wonkaဟာ လက်ထဲမှာ ကျန်နေတဲ့ငွေလေးတပြားနဲ့ လမ်းဘေးမှာအိပ်ဖိုပြင်တုန်း သူစိမ်းတစ်ယောက်ရဲ့ အကြံဉာဏ်ကြောင့် တစ်ည ငွေတစ်ပြားသာကျသင့်မယ့် စျေးပေါတဲ့ တည်းခိုခန်းလေးကို ရောက်လာခဲ့ပါတယ်။ ဒါပေမဲ့လည်း မှန်းချက်နဲ့ နှမ်းထွက်မကိုက်ဆိုသလို လူလိမ်ခံလိုက်ရတဲ့ Wonka ဟာ နေရင်းထိုင်ရင်း အကြွေးတင်သွားရပြီး လုပ်အားနဲ့ပြန်ပေးဆပ်ရတဲ့ဘ၀ရောက်သွားရပါတယ်။ တတ်မြောက်တဲ့ ပညာနဲ့ချောကလက်ရောင်းချဖိုကြိုးစားပြန်တော့လည်း လုပ်ငန်းရှင်ကြီးသုံးဦးရဲ့ စနက်ကြောင့် အဘက်ဘက်က ပိတ်ပင်ခံရတဲ့အခါ... ဒီခက်အခဲပေါင်းစုံကြားမှာ ချောကလက်တွေကို လူတွေကိုစျေးသက်သက်သာသာနဲ့ စားသုံးစေချင်တဲ့..မိတ်ဆွေတွေကို လွတ်မြောက်စေချင်တဲ့ Wonka တစ်ယောက် သူ့ရဲ့အိပ်မက်တွေကို ဘယ်လို အကောင်အထည်ဖော်သွားမလဲဆိုတာ ရှုစားရမှာပါ။ IMDB 7.3 ရရှိထားပြီး နှစ်နာရီနီးပါးကြာမြင့်ပါတယ်..။ Musical Film ဖြစ်တာမို သီချင်းသံဝေဝေစာစာနဲ့ Rowan Atkinson..Hugh Grant စတဲ့သရုပ်ဆောင်ကြီးတွေပါ ပါ၀င်အားဖြည့်ထားတဲ့ ကားကောင်းလေးမို ကြည့်ရှုနိုင်အောင် တင်ဆက်ပေးလိုက်ရပါတယ်။  

-အညွှန်းနဲ့ဘာသာပြန်ကတော့ Ariel ပါ

Encoded by X
Yoteshin Drive ကဒေါင်းလုပ်လုပ်ချင်သူများအနေဖြင့် ဒီလင့် (နှိပ်ပါ) ကနေပြထားတဲ့အတိုင်း အရင်ဆုံးloginလေးဝင်ထားဖို့တော့လိုမယ်နော်