မိဘနှစ်ပါးမရှိတော့တဲ့ဘဝမှာ တစ်ဦးတည်းသောညီလေးရဲ့အားကိုးရာ ဘဝကိုရိုးသားစွာဖြတ်သန်းနေပြီး အလင်းထဲမှာမမြင်နိုင်၊ အမှောင်ထဲမှာတော့ မြင်နိုင်တဲ့ရောဂါကိုခံစားနေရသူ မျက်မမြင်လေး ချွန်းဂယောင်းဆူ
အရည်အချင်းရှိတဲ့အတွက် ကံကောင်းထောက်မပြီး နန်းတွင်းထဲကိုဝင်ရောက်ခွင့်ရခဲ့ရာမှ အိမ်ရှေ့စံမင်းသားရဲ့အဆိပ်မိသေဆုံးမှုကို
မတော်တဆ မြင်တွေ့သွားတဲ့အခါ
ရှစ်နှစ်ကြာအောင်တိုင်းတပါးကို ဓားစာခံအဖြစ်ခေါ်သွားခံရပြီး ပြန်ရောက်လာတော့လည်း ဖခင်ရဲ့နွေးထွေးစွာ ကြိုဆိုခြင်းမခံရသူ ၊
စိတ်နှလုံးသားနွေးထွေးတဲ့အိမ်ရှေ့စံမင်းသားကို ဘယ်သူကများ ရက်ရက်စက်စက် အဆိပ်ခတ်သတ်ခဲ့သလဲဆိုတာကို မျက် မြင်သက်သေဖြစ်တဲ့ သမားတော်ချွန်းဂ ယောင်းဆူတို ဘယ်လိုဖော်ထုတ်ကြမလဲ၊
နောက်ကွယ်ကြိုးကိုင်သူကရော ဘယ်သူများဖြစ်နေမလဲဆိုတာကို ရင်တထိတ်ထိတ်နဲ့စောင့်ကြည့်ကြရမှာပဲ ဖြစ်ပါတယ်
မင်းသားRyu Jun Yeolကိုယ်တိုင် ဒီဇာတ်ကားနဲ့Best actorဆုကို ရသွားခဲ့တာမို မင်းသားရဲ့ပြောင်မြောက်လှတဲ့သရုပ်ဆောင်ချက်တွေကို မြင်တွေ့ရမယ့်အပြင် ဇာတ်ကားကလည်း Best Flim Award ကိုပါရရှိထားတာမို ကြည့်ရှုသင့်တဲ့ဇာတ်ကားကောင်းလေးတစ်ကားပဲ ဖြစ်ပါတယ်
Translated & Reviewed by Channie
Encoded by NZ
Yoteshin Drive ကဒေါင်းလုပ်လုပ်ချင်သူများအနေဖြင့် ဒီလင့် (နှိပ်ပါ) ကနေပြထားတဲ့အတိုင်း အရင်ဆုံးloginလေးဝင်ထားဖို့တော့လိုမယ်နော်ဗျ