ဒီတစ်ခါမှာထူးထူးခြားခြား သည်းထိပ်ရင်ဖိုဖြစ်စေမဲ့ မိစ္ဆာဝိညာဉ်ဇာတ်လမ်းအမျိုးအစားလေးဖြစ်တဲ့ BL ကားကောင်းလေးတစ်ကား တင်ဆက်ပေးလိုက်ပါတယ်
ဖိကလောင်းကစားစွဲနေပေမဲ့ ထူးဆန်းတဲ့စွမ်းအင်တွေကို အာရုံခံနိုင်တယ်။ နီလန်ကတော့ ထူးခြားတဲ့ပြဿနာတွေကို လိုက်ဖြေရှင်းပေးရတဲ့ဆရာပေါ့။ တစ်နေ့လောင်းကစားရုံမှာ ဖိနဲ့နီလန်တို့ ဆုံဖြစ်ကြပြီး ထူးဆန်းတဲ့ကိစ္စတစ်ခုကိုအတူတူသွားဖြေရှင်းဖြစ်ရာက အာရုံခံနိုင်သူဖိနဲ့ ကံကြမ္မာကိုပြောင်းလဲနိုင်စွမ်းရှိတဲ့နီလန်တို့ “ဝူ” ဆိုတဲ့လောကထဲမှာ ဘယ်လိုကြက်သီးထစရာအဖြစ်အပျက်တွေကိုရင်ဆိုင်ရမလဲ သူတို့ကြားမှာရောဘယ်လိုတွေကြုံရပြီး ဘယ်လိုနှောင်ဖွဲ့မိသွားမလဲဆိုတာ ဒီသည်းထိပ်ရင်ဖိုဇာတ်လမ်းလေးထဲပါ လိုက်ပါစီးမြောကြည့်ရှုပေးကြပါဦး




