နောက်ဆုံးတွေ့ခဲ့ရတာက Danny Ocean နဲ့ သူ့အဖွဲ့က ကာစီနိုင်ပိုင်ရှင် လူညစ်ကြီး Terry Benedict ကို သူတို့ခိုးသွားတဲ့ ငွေတွေ ပြန်ပေးလိုက်တာပြီး အေးဆေးဖြစ်သွားတာကိုပါ။
ဒါပေမယ့်လည်း ဒါက သူတို့အဖွဲ့ ပြန်မပေါင်းမိခင်ခဏပါ။ သူတို့အဖွဲ့ထဲက Danny ရဲ့ သူငယ်ချင်းလည်းဖြစ်၊ အကြံပေးလည်းဖြစ်တဲ့ Reuben Tishkoff က တစ်ခြား ကာစီနို ပိုင်ရှင်တစ်ယောက်ဖြစ်တဲ့ Willy Bank နဲ့ ပေါင်းပြီး ဟိုတယ်လ်တစ်ခု ထောင်လိုက်ပါတယ်။
နောက်ပိုင်းမှာတော့ သူဟာ လူညစ်ပတ် Bank နဲ့ လက်တွဲဖြုတ်ချင်လာပါတော့တယ်။ Bank ရဲ့ သဘောက Tishkoff ဒုက္ခရောက်လေ သူပျော်လေပါပဲ။ Tishkoff နှလုံးရောဂါနဲ့ ဆေးရုံရောက်တော့ ပိုဆိုးတော့တာပေါ့
Danny နဲ့ သူ့အဖွဲ့သားတွေဟာ Bank ကွက်ကျော်ရိုက်သွားတာကို ဒီအတိုင်း လက်ပိုက်ကြည့်မနေပါဘူး။ Bank နဲ့ ရန်ညှိုးရန်စရှိခဲ့ဘူးတဲ့ သူတို့ရဲ့ ရန်သူတော်ဟောင်းကြီး Benedict နဲ့ ပေါင်းပြီး မဟာစီမံကိန်းကြီးတစ်ခု ထွင်ပါလေရော။လက်စားချေဖို့ လုပ်ကြမှာပါ…။
Translated by – Nezu
Encoded by – Nezu