Until Dawn (2025)
လူတွေရဲ့စိတ်ဒဏ်ရာ၊ ကြောက်ရွံ့မှုနဲ့ မျက်မှောက်ကာလမှာ မဖြေရှင်းနိုင်တဲ့အရာတွေအပေါ် မေးခွန်းထုတ်ထားတဲ့ psychological horror ဇာတ်ကားတစ်ကားပါ ဇာတ်ကောင်ကလိုဗာလို ပြင်းထန်တဲ့စိတ်ဒဏ်ရာရှိသူတွေနဲ့ ဂလိုရီတောင်ကြားဆိုတဲ့ သမိုင်းဝင် ကြေကွဲစရာ ဘေးအန္တရာယ်တွေနဲ့ ပြည့်နှက်နေတဲ့ နေရာတစ်ခုကို ပေါင်းစပ်ပြီး အမျိုးမျိုးသော ကြောက်မက်ဖွယ်အရာတွေ ပေါ်ပေါက်လာတာကို မြင်ရမှာပါ
ဇာတ်လမ်းတစ်လျှောက်မှာ “ပျောက်ဆုံးသွားတဲ့ မယ်လာနီ” “လူတစ်ဦးချင်းစီရဲ့ စာအမှတ်အသားတွေပါတဲ့စာအုပ်” “တစ်ညပြီးတစ်ည ပြန်လည်ဖြစ်ပျက်နေတဲ့ ခြောက်ခြားဖွယ်အခြေအနေ” စတဲ့အရာတွေဟာ ဇာတ်အိမ်ကို ထင်ဟပ်စွာဖော်ပြပေးနေပါတယ် ဒရမ်မာနဲ့ ကြောက်စရာကောင်းမှူတွေကြားထဲမှာ ကလိုဗာနဲ့သူ့သူငယ်ချင်းတွေဟာ ရုပ်ပိုင်းဆိုင်ရာထက် စိတ်ပိုင်းဆိုင်ရာ လှည့်ကွက်တွေကို ပိုပြီးရင်ဆိုင်ရပါတော့တယ် ဇာတ်လမ်းရဲ့ အဓိက messageကတော့ တစ်ခါတစ်ရံ လူတွေကို တကယ်ပြောင်းလဲစေနိုင်တာက မကောင်းတဲ့နေရာက မဟုတ်ဘဲ သူတို့ရဲ့စိတ်ထဲက တစုံတခုပဲဖြစ်နိုင်တယ်ဆိုတာကို ပြသပေးထားတာပါ
Translated & Reviewed by Hyo
Encoded by Flashy
Yoteshin Drive ကဒေါင်းလုပ်လုပ်ချင်သူများအနေဖြင့် ဒီလင့် (နှိပ်ပါ) ကနေပြထားတဲ့အတိုင်း အရင်ဆုံးloginလေးဝင်ထားဖို့တော့လိုမယ်နော်



![BTS _ Audacy Check In [2026] BTS _ Audacy Check In [2026]](https://mmfilm.org/wp-content/uploads/2026/04/SnapInsta.to_669610451_18575053405017793_3684009514004377277_n-300x300.jpg)
