ဒီတစ်ခေါက်မှာတော့ အရင်က မပြီးပြတ်ခဲ့တဲ့ဇာတ်လမ်းကို ပြန်ဆက်တယ်လို ပြောရမလားပဲ...
အီအန်းက အနာဂတ်ကနေ အတိတ်ကာလကို ရောက်လာပြီး အဲဒီအတိတ်ကာလအချိန်ထဲမှာ ပိတ်မိနေတာနဲ့ ဇာတ်လမ်းစထားပါတယ်...
ဒီဘက် အနာဂတ်ခေတ်မှာကတော့ ဂြိုဟ်သားတွေက ကမ္ဘာကြီးကို သိမ်းပိုက်ပြီး သူတိုအပိုင်ဖြစ်အောင် ထိန်းချုပ်နိုင်ဖို ကြိုးစားနေကြပါတယ်...
"ဟာဗာ" လိုခေါ်တဲ့ လေထုတွေက ကမ္ဘာကြီးကို ဖုံးလွှမ်းသွားရင် ဂြိုဟ်သားတွေက အဲဒီထဲမှာ နိုးထလာကြမှာပါ...
ဂြိုဟ်သားခေါင်းဆောင်ကတော့ အဲဒီ "ဟာဗာ" ကိုဖောက်ခွဲပစ်ပြီး ကမ္ဘာကြီးကို အပိုင်သိမ်းဖို ရည်ရွယ်ထားပါတယ်...
အီအန်းဆိုတဲ့ကောင်မလေးကတော့ အတိတ်မှာ ပျောက်နေတဲ့ အံ့ဖွယ်ဓားသွားကိုရှာပြီး မိုးကြိုးနဲ့အတူတူ ဒီဘက်အနာဂတ်ကိုပြန်လာပြီး "ဟာဗာ" ပေါက်ကွဲမှုကို တားရမှာပါ...
အဲဒါမှ ကမ္ဘာကြီးကို ဂြိုဟ်သားတွေလက်ထဲက ကယ်တင်နိုင်မှာပါ...
ကဲ အများကြီးပြောမနေတော့ပါဘူး ဘယ်လိုဆက်ဖြစ်မလဲဆိုတာ ကြည့်လိုက်ကြပါနော်
MMFILM Channel မှ ဘာသာပြန်တင်ဆက်သည်