IFကတော့ 2024ခုနှစ်ထွက် စိတ်ကူးယဉ်ကာတွန်းဟာသရုပ်ရှင်ဖြစ်ပါတယ် ငယ်ဘ၀ဖြတ်သန်းခဲ့ရသူတွေနဲ့ မစိမ်းသက်တဲ့ စိတ်ကူးယဉ်သူငယ်ချင်းအကြောင်းကို ရိုက်ကူးထားတာဖြစ်ပါတယ်
ဘီးဆိုတဲ့ အသက်၁၂နှစ်အရွယ်ကောင်မလေးဟာ မိခင်ဖြစ်သူ ဆုံးပါးသွားပြီး နောက်မှာတော့ သူမကိုယ်သူမ ကလေးတစ်ယောက် မဟုတ်တော့ဘဲ ရင့်ကျက်သူ တစ်ယောက်အဖြစ်နဲ့ နေထိုင်ခဲ့ပါတယ် ဒီလိုနဲ့သူမရဲ့စိတ်ကူးယဉ်သူငယ်ချင်းကို မေ့လျော့သွားပါတော့တယ် တစ်နေ့မှာတော့ သူမဟာ လူတိုင်းရဲ့ စိတ်ကူးယဉ်သူငယ်ချင်းတွေ(IF)ကို အမှတ်မထင်တွေ့မြင်ခဲ့ပါတယ်
အဲဒီIFလေးတွေကို ဖန်တီးခဲ့ကြတဲ့ ကလေးတွေဟာ ကြီးပြင်းလာတာနဲ့အမျှ သူတိုရဲ့ဖြစ်တည်မှုကိုမေ့ဖျောက်ပစ်ခဲ့ကြပါတော့တယ် ဒီတော့ IFလေးတွေဟာ အထီးကျန်ပြီး အတူဆော့ကစားရမဲ့ ကလေးတွေကို တောင့်တနေခဲ့ကြပါတယ် အဲဒီနောက်မှာတော့ ဘီးဟာ အမေ့ခံစိတ်ကူးယဉ် သူငယ်ချင်းများကို သူတိုရဲ့ကလေးတွေနဲ့ ပြန်လည်ဆုံဆည်းနိုင်စေဖိုအတွက် မှော်ဆန်ဆန်စွန့်စားခန်းတစ်ခုမှာ ပါ၀င်ခဲ့ပါတော့တယ် ဒီရုပ်ရှင်ကို ကြည့်ရှုရင်းနဲ့ (IF) လေးတွေရဲ့ ခံစားချက်ကို နားလည်သွားမှာဖြစ်သလို ငယ်ဘ၀ကရှိခဲ့ဖူးတဲ့ စိတ်ကူးယဉ်သူငယ်ချင်းတွေကို လည်း ပြန်ပြောင်းသတိရမိစေမှာဖြစ်ပါတယ်
Translated & Reviewed by Hyo
Encoded by Flashy
Yoteshin Drive ကဒေါင်းလုပ်လုပ်ချင်သူများအနေဖြင့် ဒီလင့် (နှိပ်ပါ) ကနေပြထားတဲ့အတိုင်း အရင်ဆုံးloginလေးဝင်ထားဖို့တော့လိုမယ်နော်