ဒါလေးကတော့ ချစ်စရာRomance / Comedy လေးပါ။
မိခင်ရဲ့သေဆုံးမှုနဲ့ ယိုင်နဲ့သွားတဲ့မိသားစုအခြေအနေကြောင့် ထက်မြက်တဲ့ ကောင်မလေး ရက်စ်ဟာ အာကာသယာဥ်မှုးဖြစ်ချင်တဲ့အိပ်မက်ကို လက်လျှော့ပြီး ဘားတင်ဒါလုပ်နေခဲ့ပါတယ်။
ကျောင်းနေဘက်တွေ့ဆုံပွဲမှာ ငယ်စဥ်ကခရပ်ရှ်ခဲ့ရတဲ့ ကောင်လေးက အာကာသခရီးသွားလုပ်ငန်းနဲ့အောင်မြင်နေတာသိရတော့ ငယ်ဘ၀အိပ်မက်လေးကိုပြန်အကောင်အထည်ဖော်ချင်တဲ့ရက်စ်တစ်ယောက် အထက်တန်းပညာရေးနဲ့ နာဆာရဲ့အာကာသယာဥ်မှုးလေ့ကျင့်ရေးမှာ ပါ၀င်လိုကြောင်း နာဆာကိုစာရေးလိုက်ပါတယ်။
ဒါပေမဲ့လည်း သူငယ်ချင်းဖြစ်သူက စာကိုအဆင်ပြေသလို၀င်ပြင်ပြီး ပိုလိုက်ရာကအရွေးခံရတဲ့အခါ…အထက်တန်းသာပြီးထားတဲ့ ရက်စ်တစ်ယောက် နာဆာရဲ့လုပ်ငန်းစဥ်တွေကြား ဘယ်လိုနှစ်ပါးဆက်သွားမယ်ဆိုတာ…..
ဒီကားမှာ မင်းသမီးလေး Emma Roberts ရဲ့ သွက်လက်တဲ့ဟန်ပန်တွေကို ဟာသမြောက်စွာရှုစားရမှာပါ။ ကြည့်ရှုအားပေးကြပါဦး။
Translated & Reviewed by Ariel
Encoded by Flashy
Yoteshin Drive ကဒေါင်းလုပ်လုပ်ချင်သူများအနေဖြင့် ဒီလင့် (နှိပ်ပါ) ကနေပြထားတဲ့အတိုင်း အရင်ဆုံးloginလေးဝင်ထားဖို့တော့လိုမယ်နော်