ဇာတ်လမ်းဆန်ဆန်လိုမျိုးမဟုတ်ပဲ တစ်ကယ့် မှတ်တမ်းပုံစံလိုမျိုး သရဲကားကိုမှကြည့်ချင်တဲ့ သူတွေအတွက် Hrror ကားလေး လာပါပြီ ခင်ဗျာ။
ဒါကတော့ Paranormal activity ဆိုတဲ့ 2021 ကားလေးပါ။ အရင်ကလည်း ဒီကားက series တွေလိုက်ထွက်ထားတာရှိပြီးတော့ စုစုပေါင်းဆယ်ကားလောက်ရှိပါသေးတယ်။
အရင်က ကားတွေကတော့ မိသားစုတစ်ခု အိမ်ပြောင်းရာကနေ အစချည်ထားတာရိုက်ထားပြီးတော့ CCTV မှတ်တမ်းတွေကနေဆင့် ပြထားတဲ့ပုံစံမျိုးပါ ။
အခုကတော့ တစ်မျိုးကွဲထွက်လာပြီး မိဘမဲ့ကောင်မလေးတစ်ယောက်က သူငယ်ချင်းနစ်ယောက်နဲ့အတူ သူ့ရဲ့ ဆွေမျိုးသားချင်းတွေကိုပြန်ရှာဖွေရင်းနဲ့ ကြုံဆုံလာတာတွေကိုမှတ်တမ်းပုံစံ ပြသထားတာပါ ။
ဒီလို မျိုး Paranormal activity ရဲ့ အားသာချက်က Reallity ,ဆန်ဆန်သူတို့မှတ်တမ်း တင်ထားတဲ့ အရာတွေကို လိုက်ကြည့်နေရင်းနဲ့ ဖြစ်ပျက်လာတာတွေကို ကြည့်ရမှာပဲဖြစ်ပါတယ်။ ဆိုတော့ Ghost hunter လိုမျိုးတွေမဟုတ်ပေမယ့် ဒါက တစ်ကယ်ဖြစ်နေတာကို ရိုက်ကူးထားသလိုမျိုး ကွဲထွက်နေတဲ့ ပုံစံနဲ့ကြည့်ရမှာပါ ။
သရဲကားတွေကြည့်ရတာလည်းပျင်းနေဘီ ၊ ဘာကားက ဘယ်လိုကြည့်လိုက်ဘယ်လိုအချိန်မှာ နောက်ခံအသံထွက်လာပြီး ဘာကြီးပေါ်လာမယ်ဆိုတာ သိနေပြီးတော့ တစ်ခြား ရသတွေကိုခံစားချင်နေတဲ့ သူတွေအတွက်တော့ ဒီလိုကားမျိုးက တစ်ကယ်မိုက်ပြီးသင့်တော်မယ့် ကားတစ်ခုဆိုတာ ပြောရဲပါတယ်။
တစ်ခါတစ်လေ ဝုန်းဒိုင်းတွေထဖြစ်တာက နည်းနည်းတော့လန့်စရာကောင်းလို့ကျွန်တော့်လိုေကြာက်တက်တဲ့ လူမျိုးဆိုရင်တော့ ကောင်မလေးနဲ့ အတူတူကြည့်မှအဆင်ပြေမယ်လို့လည်းပြောချင်ပါတယ် ။ ဒီကားမှာနောက်ထပ်ထူးခြားနေတာကတော့ဘာနောက်ခံသီချင်းမှ မပါပဲ ဘူးဘွားဝုန်းဒိုင်းနဲ့ ဒါရိုက်တာစိတ်တိုင်းကျ လုပ်ထားတဲ့ကားပါ ။
တစ်ကယ်ပါမညာပါဘူး ကျွန်တော်ဆိုရင် အရင်က ဒီကားကို စိတ်တောင်မဝင်စားခဲ့ပေမယ့် Founder ကြီး ကျေးဇူးကြောင့် ကြည့်ဖြစ်ရာကနေ ဆွဲလမ်း ခဲ့တာကိုယ်တွေ့ပါ ။
ဒါကြောင့် ဒီလိုမျိုး ဇာတ်ကားမဟုတ်တဲ့ Hrror ဇာတ်ကားကို Hrror ဇာတ်ကားအတိုင်းမကြည့်ပဲ တစ်ကယ့်ဖြစ်ပျက်နေသလိုပုံစံနဲ့ ကြည့်ရှုနိုင်ဖို့အတွက် ပုရိတ်သတ်တွေကို ကျွန်တော်တို့ MM FLIM ကနေပြီးတော့ တင်ဆက်ပေးလိုက်ပါတယ်။ ကြောက်တက်ရင်တော့ မျက်လုံးမှိတ်ကြည့်ပေါ့ဗျာ ။
Translated & Reviewed by Nezu
Encoded by Flashy
Yoteshin Drive ကဒေါင်းလုပ်လုပ်ချင်သူများအနေဖြင့် ဒီလင့် (နှိပ်ပါ) ကနေပြထားတဲ့အတိုင်း အရင်ဆုံးloginလေးဝင်ထားဖို့တော့လိုမယ်နော်