SAW franchise ရဲ့ ၅ ကားမြောက်ဇာတ်ကားပါ။
ဒီဇာတ်ကားမှာ Jigsaw ရဲ့ ဆက်ခံသူအဖြစ်
အမန်ဒါအပြင် နောက်တစ်ယောက်ပါ ပါလာခဲ့ပါတယ်။
သူကတော့ စုံထောက်ဟော့ဖ်မန်းပါပဲ။
ပြဿနာစတာက စုံထောက်ဟော့ဖ်မန်းက
သူသတ်ချင်တဲ့လူတစ်ယောက်ကို
Jigsaw သတ်တဲ့ပုံစံပေါက်အောင်လုပ်ပြီး သတ်လိုက်တာကနေ စတာပါပဲ။
နောက်တော့ Jigsaw ကိုယ်တိုင် သူ့ဆီရောက်လာပြီး
သူ့ကို ပညာပေးဖို့လုပ်ပါတော့တယ်။
Jigsaw ဖြစ်လာရတဲ့အကြောင်းအရင်းတွေ
ထောင်ချောက်တွေကို ဘယ်လိုဆင်ရတာတွေ
ဘယ်လိုသင်ခန်းစာပေးရတယ်ဆိုတာတွေကိုပါ
သင်ပေးပြီး နောက်ထပ် Jigsaw လူသတ်သမားတစ်ယောက်ကို မွေးဖွားလိုက်ပါတော့တယ်။
အဲဒီအချိန်မှာ နောက်စုံထောက်တစ်ယောက်ကလည်း
ဌာနအတွင်းမှာ Jigsaw နောက်တစ်ယောက်ရှိနေတာကို မသင်္ကာဖြစ်လာပြီး စတင်စုံစမ်းတော့တယ်။
Translated and Encoded by -Zoro



![BTS _ Audacy Check In [2026] BTS _ Audacy Check In [2026]](https://mmfilm.org/wp-content/uploads/2026/04/SnapInsta.to_669610451_18575053405017793_3684009514004377277_n-300x300.jpg)
