Kpop Demon Hunters (2025)
တခြား Kpop ဇာတ်လမ်းတွေနဲ့ မတူဘဲ၊ မိမိကိုယ်တွင်းထဲက မကောင်းဆိုးဝါးတွေနဲ့ ကမ္ဘာမြေကြီးကို နတ်ဆိုးရန်က ကာကွယ်ဖို့ တိုက်ခိုက်ရင်းနဲ့ ချစ်ခြင်း၊ မျှော်လင့်ခြင်း၊ နာကျင်မှုနဲ့ ရင်ဆိုင်ရတဲ့ ဇာတ်ကြောင်းကို တင်ဆက်ထားပါတယ် ပရိသတ်တွေကိုအံ့သြစေတဲ့ ဖျော်ဖြေရေးနဲ့ သာမန်လောကကနေ မကောင်းဆိုးဝါးလောကကြီးကို ချိတ်ဆက်ထားတဲ့ကမ္ဘာတစ်ခုကို မြင်တွေ့ရမှာဖြစ်ပါတယ်
ဟန်းထရစ်ဆိုတဲ့ မိန်းကလေးသုံးယောက်ပါဝင်တဲ့ Kpop အဖွဲ့ဟာ ရုပ်ပိုင်းဆိုင်ရာသာမက အသံပိုင်းဆိုင်ရာမှာပါ ထင်ရှားကျော်ကြားကြပါတယ် ဒါပေမဲ့ လူသိများလာမှုနောက်မှာ သူတို့ရဲ့ဖိစီးမှုတွေ၊ အတွင်းစိတ်ချို့ယွင်းမှုတွေနဲ့ ကမ္ဘာကိုကယ်တင်ဖို့ ဖိအားကြီးမားမှုတွေကိုတော့ ဘယ်သူမှမမြင်နိုင်ကြပါဘူး သူတို့ရဲ့သီချင်းတွေဟာ တကယ်တမ်း နတ်ဆိုးတွေကိုတောင် တုန်လှုပ်အောင် လုပ်နိုင်စွမ်းရှိပါတယ် ဒါပေမဲ့ နောက်ထပ် လူသစ်အဖွဲ့ ဆာဂျာဘွိုင်းရဲ့ ထွက်ပေါ်လာမှုနဲ့အတူ နတ်ဆိုးတွေဟာ ပြန်လည်ပေါ်ထွက်လာကြပါတယ် အဲနောက်မှာတော့ ကမ္ဘာမြေကြီးကို နတ်ဆိုးရန်က ကာကွယ်ဖို့အတွက် ဟန်းထရစ်နဲ့ ဆာဂျာဘွိုင်းတို့ရဲ့ အားပြိုင်မှူတွေကို ဆက်လက်ကြည့်ရှုရမှာပါ
ဇာတ်ကောင်တွေတစ်ဦးချင်းစီဟာ လူ့သဘာဝနဲ့နီးစပ်ပြီး ဇာတ်လမ်းဟာ K-pop ပရိတ်သတ်တွေအတွက်သာမက ထူးခြားတဲ့ fantasy ဇာတ်အိမ်ကိုချစ်သူတွေ၊ ပြောင်းလဲမှုနဲ့စိတ်ဝင်စားဖွယ်ရှိတဲ့ကမ္ဘာလောကကိုရှာဖွေနေသူတိုင်းအတွက်ကြည့်ရှုဖို့သင့်တော်ပါတယ်
Translated & Reviewed by Hyo
Encoded by Flashy
Yoteshin Drive ကဒေါင်းလုပ်လုပ်ချင်သူများအနေဖြင့် ဒီလင့် (နှိပ်ပါ) ကနေပြထားတဲ့အတိုင်း အရင်ဆုံးloginလေးဝင်ထားဖို့တော့လိုမယ်နော်