ဒါကတော့ အိုင်ယာလန်ရဲ့ မထင်မရှား ဟိုတယ်လေးတစ်ခုက အရှုပ်တော်ပုံပါပဲ။
အကြောင်းတစ်ခုကြောင့် ဟိုတယ်လေးကိုလာတည်းတဲ့ နာမည်ကျော်စာရေးဆရာလေးတစ်ယောက်ဟာ အမူးလွန်ပြီး သေမလိုဖြစ်တဲ့အချိန် ဝန်ထမ်းမလေးတစ်ယောက်က ကယ်တင်နိုင်ခဲ့ပါတယ်။
ပြန်လာပြီး ကျေးဇူးတင်စကားပြောတဲ့နေ့မှာတော့ အဲ့ဒီဝန်ထမ်းမလေးက အဲဒီနေ့နောက်ပိုင်းတည်းက ပျောက်ဆုံးနေတာသိရပြီး တနွယ်ငင်တစင်ပါ ဇာတ်ရှုပ်ထဲ ဝင်ပါမိသလိုဖြစ်သွားတဲ့အခါမှာတော့……




