"နွေမိုးစက်၏ အချစ်"
နွေရာသီရဲ့ အငွေ့အသက်တွေနဲ့အတူ ရင်ခုန်စရာ ခံစားချက်တွေကို ပေးစွမ်းမယ့် School Youth BL Romance ကားလေး ကြိုက်သူတွေအတွက် "Summertime (2026)" ဆိုတဲ့ ဇာတ်လမ်းတွဲသစ်လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။
Eun-ho အတွက်တော့ Do-hyeon က အမြဲတမ်း ဘေးနားမှာရှိနေတဲ့ အားကိုးရဆုံး သူငယ်ချင်းဖြစ်ပေမဲ့ Do-hyeon ရဲ့ ရင်ထဲမှာတော့ "သူငယ်ချင်း" ဆိုတဲ့ စကားလုံးအောက်မှာ အချိန်တော်တော်ကြာအောင် မြှုပ်နှံထားခဲ့ရတဲ့ တစ်ဖက်သတ် အချစ်တွေ ရှိနေခဲ့တာပါ။
ဒါပေမဲ့ အထက်တန်း နောက်ဆုံးနှစ်ရဲ့
နွေရာသီမှာတော့ Kwon Yi-hyeon ဆိုတဲ့ ကျောင်းသားအသစ် ရောက်လာပြီး Eun-ho နဲ့ ရင်းနှီးသွားတဲ့အခါ Do-hyeon ရဲ့ ရင်ထဲက ဖုံးကွယ်ထားတဲ့ ခံစားချက်တွေဟာ မထိန်းနိုင်အောင် ပေါက်ကွဲလာပါတော့တယ်။ Eun-ho နဲ့ တခြားသူတစ်ယောက် နီးကပ်နေတာကို မြင်ရတိုင်း မနာလိုမှုတွေ၊ စိမ်းသက်တဲ့ ခံစားချက်တွေ တိုးလာတဲ့ Do-hyeon တစ်ယောက် သူ့ရဲ့ စိတ်ထဲက အမှန်တရားကို ဆက်ပြီး ဖုံးကွယ်ထားနိုင်ပါဦးမလား...
ဒီဇာတ်လမ်းရဲ့ အဓိက Highlight ကတော့ နှစ်ပေါင်းများစွာ ခိုင်မာခဲ့တဲ့ သူငယ်ချင်း စည်းဝိုင်းကို ကျော်လွန်ဖို ကြိုးစားရတဲ့ ရင်ခုန်သံ၊ နွေရာသီ ကျောင်းသားဘဝရဲ့ အနုပညာဆန်ဆန် ပုံဖော်ချက်တွေနဲ့အတူ တစ်ဖက်သတ် အချစ်ရဲ့ ရင်နင့်စရာ ခံစားချက်တွေကို ပီပီပြင်ပြင် ရိုက်ကူးထားတာပါပဲ။ Do-hyeon ရဲ့ စိတ်ထဲက အမှန်တရားကို Eun-ho သိသွားချိန်မှာ သူတိုနှစ်ယောက်ရဲ့ သံယောဇဉ် ဘယ်လိုလမ်းကြောင်းဆီ ပြောင်းလဲသွားမလဲဆိုတာကို ရင်ခုန်စွာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
လူငယ်သရုပ်ဆောင်တွေရဲ့ လိုက်ဖက်ညီလှတဲ့ Chemistry နဲ့အတူ ကျောင်းသားဘဝ ရိုးသားတဲ့ အချစ်ဇာတ်ကြောင်းလေးကို ခံစားချင်တယ်ဆိုရင်တော့ "Summertime (2026)" ကို လက်မလွှတ်ဘဲ ကြည့်ကြည့်လိုက်ဖို ညွှန်းပေးချင်ပါတယ်နော်။
Translated by MMFILM KTeam
Encoded by KIRA