ချမ်းသာပြီး ရက်စက်တဲ့ အသိုင်းအဝိုင်းထဲ
ခဏ ဝင်ကြည့်ကြမယ်နော်
ငါးတစ်ကောင် သေတာကို ဝန်ကြီးတောင်တက်ရတဲ့
ကြီးကျယ်ခမ်းနားတဲ့ ဈာပနာလုပ်တာကို ကြည့်ချင်ရင်
ဒီဇာတ်ကားကိုကြည့်ပါ
အရမ်းကို ချမ်းသာတဲ့ မိသားစုတစ်ခုမှာ
သားသုံးယောက် သမီးတစ်ယောက်ရှိသတဲ့..
သားသုံးယောက်က တစ်ယောက်တစ်မျိုးစီဆိုးကြတယ်.
သမီးကတော့ သားသုံးယောက်ဆိုးတာထက်
အစတစ်ရာမက ဆိုးပါတယ်..
( ဒါပေမယ့် ဒီသမီးက အမွေဆက်ခံသူတစ်ယောက်ပါ )
သားသမီးတွေအကုန်လုံးက သူဌေးရဲ့
မိန်းမသုံးယောက်ကနေ မွေးထားတဲ့ သားသမီးတွေပါ
အဲမိသားစု လုပ်သမျှ အရှူပ်တွေကို လိုက်ရှင်းပေးရတာက TOP ဆိုတဲ့ အဖွဲ့ပါ… TOP အဖွဲ့က မိသားစုရဲ့
အရှုပ်တွေကို ဘယ်လိုလိုက်ရှင်းမလဲ ??????
TOP အဖွဲ့က အမွေဆက်ခံသူ မင်းသမီးကို အမွေဆက်ခံသူ
မဖြစ်အောင် ဘယ်လိုလုပ်ကြံမလဲ ??????
မင်းသမီးရဲ့ အမေအသတ်ခံရတာကရော အဖြစ်မှန်ပေါ်မလား ??????
မိသားစုဝင်တိုင်းမှာ လျှို့ဝှက်ချက်ကိုယ်စီနဲ့..
တစ်ခုချင်း တစ်ယောက်ချင်း.. ဘယ်လို
ဖော်ထုတ်ခံရမလဲ ?? မင်းသားကရော မင်းသမီးကို
ဘယ်လိုကာကွယ်မလဲဆိုတာ… တစ်စက္ကန့်မှ
မရိုးရအောင် ကြည့်ရမှာပါ..
အရင်နှစ်က Last Empress မှတ်မိသေးတယ်မလား
အဲလိုမျိူးပဲ… တစ်ချက်ကလေးမှ မပျင်းရအောင်..
ဆွဲဆောင်နိုင်ပါတယ်..
ရိုတဲ့ဇာတ်ကားတော့မဟုတ်ပါဘူး..
ဒါပေမယ့် လူချမ်းသာတွေနောက်ကွယ်က အရှူပ်တွေ စိတ်ဓာတ်တွေကို သေချာရိုက်ပြထားတာပါနော်