ကျောင်းတွင်း မှုခင်းစုံထောက်ဇာတ်လမ်းတွဲ
စုံထောက်မှုခင်းကားများကို ကြိုက်နှစ်သက်တဲ့ ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်
Dramaပုံစံကတော့
အထက်တန်းကျောင်းတစ်ကျောင်းမှာ
ဖြစ်ပွားခဲ့တဲ့လူသတ်မှုအကြောင်းပဲဖြစ်ပါတယ်
ထိုကျောင်းမှာပြစ်မှုတွေအများကြီးဖြစ်ပွားခဲ့ပေမယ့်
ထိုအမှုတွေအတွက်အပြစ်ပေးနိုင်ခြင်းမရှိခဲ့ပါဘူးတဲ့နော်
ဘာကြောင့်လဲဆိုတော့
ကျောင်းသားတွေကအရွယ်မရောက်သေးလို့ပဲဖြစ်ပါတယ်
Gi Moo Hyukဟာအောင်မြင်မှုအမြင့်ဆုံးရှေ့နေတစ်ယောက်ပါ
ကိစ္စတစ်ခုကြောင့်
သူရဲ့ဂုဏ်သိက္ခာတွေဆုံးရှုံးခဲ့ရပြီးတဲ့နောက်မှာတော့
Moo Hyukဟာအထက်တန်းကျောင်းတစ်ခုရဲ့
ယာယီခန့်ထားခြင်းခံရတဲ့ကျောင်းဆရာတစ်ယောက်ဖြစ်လာပါခဲ့ပါတယ်
သူဟာ
အခြေခံအားဖြင့်ပိုက်ဆံကိုသာဂရုစိုက်ပြီး
အခုလိုကျောင်းဆရာအဖြစ်လုပ်တာကလည်းသူရဲ့ရှေ့နေဆိုတဲ့ဂုဏ်သက္ခာကိုပြန်အဖတ်ဆယ်ဖို့အတွက်ပါ
သူ့ကိုယ်ကျိုးအတွက်သာ
ထိုအထက်တန်းကျောင်းကိုသွားလိုက်တဲ့အခါမှာတော့
ရာဇ၀တ်မှုဖြစ်ပွားမှုနဲ့စတင်ကြုံတွေ့ခဲ့ပါတယ်
နောက်ပိုင်းမှာတော့Moo Hyukဟာ
ထိုရာဇ၀တ်မှုတွေဖြစ်ပွားနေတဲ့ကျောင်းရဲ့နောက်ကွယ်ကအမှန်တရား
ကျောင်းသားတွေရဲ့လျှို့ဝှက်ချက်တွေကိုဖော်ထုတ်ဖို့ဖြစ်လာခဲ့ပါတော့တယ်
Ha So Yeonဟာ
အထက်တန်းကျောင်းရဲ့ကာယဆရာမတစ်ယောက်ဖြစ်ပြီး
စိတ်လှုပ်ရှားလွယ်တတ်ပါတယ်
ဒါ့အပြင်
So Yeonဟာသူမရဲ့တပည့်တွေဟာ
ပြဿနာမဖန်တီးတတ်သူတွေဆိုပြီးယုံကြည့်တဲ့သူလည်းဖြစ်ပါတယ်
Yoo Beom Jinကတော့
ထူးချွန်တဲ့ကျောင်းသားတစ်ယောက်ပါ
ဘယ်ဘက်ကကြည့်ကြည့်အဖက်ဖက်ကပြီးပြည့်စုံတဲ့ကျောင်းသားပါ
Cha Hyun Jungဟာ
အရမ်းထူးချွန်တဲ့အမှုစစ်တစ်ယောက်ပဲဖြစ်ပါတယ်