ကတ်နစ်တစ်ယောက် ပလူတက်ချ်နဲ့ဟေးမစ်ချ်တို့ကြောင့် ကတ်ပီတိုက လွတ်မြောက်သွားပေမယ့်ပီတာကတော့ ဓားစာခံအနေနဲ့ကျန်ရစ်ခဲ့ပါတယ်။ပီတာနဲ့ကျန်ခဲ့တဲ့လူတွေကိုကယ်တင်ပေးဖို့ သဘောတူညီချက်နဲ့ ကတ်နစ်တစ်ယောက် ဒေသ ၁၃ ကလူတွေနဲ့အတူ တော်လှန်ရေးကိုဦးဆောင်ဖို့ဖြစ်ပါတော့တယ်။
ပီတာနဲ့ကတ်နစ်တို့ရဲ့ချစ်ဇာတ်လမ်းဟာ ဟန်ပြအနေနဲ့စတင်ခဲ့ပေမယ့် ကတ်နစ်တစ်ယောက် တကယ်ချစ်မိသွားတာကိုသိနေတဲ့ ဥက္ကဌစနိုးက ပီတာကိုအသုံးချပြီး ကတ်နစ်ကိုတန်ပြန်တိုက်ခိုက်ဖို့ ကြိုးစားပါတော့တယ်။
ဒီအပိုင်း မှာတော့တိုက်ခိုက်မှုနည်းနည်းနဲ့အခြေအနေကိုသုံးသပ်ပြီးတော့ရိုက်ကူးထားတဲ့အကြောင်းကိုကြည့်ရှုရမှာပါ။ကတ်နစ်အဲဗားဒင်းနဲ့ ကတ်ပီတယ်ကနေကယ်ထုတ်လာရတဲ့ပီတာမယ်လာ့ခ်တို့ရဲ့ပြန်လည်တွေ့ဆုံတဲ့အခြေအနေကတော့တကယ့်ကို စိတ်မကောင်းစရာလို့ပဲဆိုရမှာပါ။
Translated by - Nezu
Encoded by - Nezu