ဒီဇာတ်ကားကတော့ အားလုံးစောင့်မျှော်နေကြတဲ့ Deadpool ဇာတ်ကားသစ်လေးပဲဖြစ်ပါတယ်။ ဇာတ်ကြောင်းကတော့ ချစ်သူနဲ့ လမ်းခွဲလိုက်ရတဲ့ Wade တစ်ယောက် သူ အရေးပါတယ်ဆိုတာကိုပြဖို့အတွက် Avengers ထဲဝင်ဖို့ကြိုးစား ဟီးရိုးတစ်ယောက်ဖြစ်ဖို့ကြိုးစားပေမယ့် အငြင်းခံရလို့ စိတ်ဓာတ်ကျပြီး ကားအရောင်းသမားပဲလုပ်နေခဲ့ပါတယ်။ အဲ့အချိန်မှာပဲ သူ့ကို TVAက လာခေါ်ပြီး Paradoxဆိုတဲ့သူနဲ့တွေ့ခဲ့ချိန်မှာတော့ Deadpoolတို့ timelineရဲ့ ပင်မဇာတ်ကောင်ဖြစ်ခဲ့တဲ့ Wolverineဟာ သေဆုံးခဲ့တဲ့အတွက် ဒီကမ္ဘာဟာ ဖြေးဖြေးချင်း သေဆုံးသွားတော့မှာဖြစ်ကြောင်း ပြောခဲ့ပါတယ်။ ပုံမှန်ဆိုရင် ကမ္ဘာတစ်ခုပျက်စီးဖို့ နှစ်ထောင်ချီစောင့်ရမယ့်အပေါ် Paradoxဟာ သဘောမကျဘဲ အထက်လူကြီးတွေ မသိအောင် အချိန်ဖျက်ဆီးရေးစက်ကို ပြင်ဆင်ထားပြီး ဒီ timelineကို ၇၂နာရီအတွင်း ဖျောက်ပစ်တော့မယ်လို့ သိခဲ့ရပါတယ်။
ဒါကိုသိလိုက်ရတဲ့ Deadpoolတစ်ယောက် သူ့ကမ္ဘာကြီးကို ကယ်တင်ဖို့ Wolverine အသစ်တွေကို timeline မျိုးစုံမှာ လိုက်ရှာရင်း multiverse မှာ အဆိုးဆုံး Wolverineနဲ့ ဆုံတွေ့ခဲ့ရတဲ့နောက်မှာတော့… အရက်သမား Wolverine နဲ့အတူ TVA ရဲ့ စွန့်ပစ် အမှိုက်ပုံ The Void ထဲရောက်သွားခဲ့တဲ့ Deadpool တစ်ယောက် ဘာတွေဆက်ဖြစ်သွားမလဲ သူ့ကမ္ဘာကိုရော ကယ်နိုင်ပါ့မလားဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရမယ့် ကားကောင်းလေးပဲဖြစ်ပါတယ်။
Translated & Reviewed by Win Htut
Encoded by Flashy
Yoteshin Drive ကဒေါင်းလုပ်လုပ်ချင်သူများအနေဖြင့် ဒီလင့် (နှိပ်ပါ) ကနေပြထားတဲ့အတိုင်း အရင်ဆုံးloginလေးဝင်ထားဖို့တော့လိုမယ်နော်



![BTS _ Audacy Check In [2026] BTS _ Audacy Check In [2026]](https://mmfilm.org/wp-content/uploads/2026/04/SnapInsta.to_669610451_18575053405017793_3684009514004377277_n-300x300.jpg)
