ဇာတ်လမ်းကတော့ ဒုတိယ Hobbit ကား အပြီးကနေ ဆက်ထားပြီး၊ Smaug က Laketown ကို ဖျက်ဆီးလိုက်ပြီး၊ Smaug ကိုလည်း Brad က Black Arrow သုံးပြီး ပစ်သတ်နိုင်ခဲ့ပါတယ်။
ဒါကြောင့်ပဲ Brad က Laketown လူတွေရဲ့ ခေါင်းဆောင်ဖြစ်လာခဲ့ပါတယ်။
ဒီလို အိုးမဲ့အိမ်မဲ့ဖြစ်သွားတဲ့ လူတွေကို Brad က ဦးဆောင်ပြီး တောင်ကြားထဲက ရွှေတွေကို သွားယူပြီး ဘဝအသစ်စဖို့ စီစဉ်ကြပါတယ်။ဒုတိယ ကားမှာတုန်းက Thorin က တောင်ထဲက သူ့မြို့ ကိုပြန်သိမ်းဖို့အတွက် လက်နှက်နဲ့ လှေအကူအညီ ပေးဖို့တောင်းဆိုပြီးအောင်မြင်သွားရင် ရွှေတစ်ချို့ကို လူတွေကို ခွဲပေးမယ်လို့ ကတိပေးခဲ့ပါတယ်။တကယ်တမ်းမှာတော့ Thorin က သူ့ အဖိုးလို ပဲ လောဘတက်ပြီး စိတ်ဖောက်ပြန်သွားခဲ့ပါတယ်။
ဘယ်သူကိုမှ လည်း ပေးမဝင်တော့သလို ရွှေတွေကိုပဲ ဖွက်ဖို့လုပ်နေခဲ့ပါတယ်။Smaug(နဂါး) သေသွားပြီဆိုတာ သိလိုက်ရတဲ့ Elf နဲ့ အခြား Dwarf တွေအပြင် Orc တွေကလည်း တောင်ထဲက Dwarf မြို့ကိုသိမ်းဖို့ ချီတက်လာနေကြပါပြီ။Orc တွေက ရွှေငွေတွေကို လိုချင်လို့ ချီတက်လာတာမဟုတ်ပဲ၊ဒီတောင်ကြား က စစ်ရေးအရ အရေးပါတာကြောင့်သိမ်းချင်တာ ဖြစ်ပါတယ်။
Translated by - Nezu
Encoded by - Nezu