Switch Mode

Mamma Mia! Here We Go Again (2018)

Download Mamma Mia! Here We Go Again (2018), Watch Mamma Mia! Here We Go Again (2018), don't forget to click on the like and share button. Series Mamma Mia! Here We Go Again always updated at MMFILM. Don't forget to watch other series updates.

Mamma Mia! Here We Go Again (2018)

MOVIE

Mamma Mia! Here We Go Again

Mamma Mia! Here We Go Again

Rating 6.6
Status: Completed Released: 20 Jul 2018 Duration: 114 min Country: , , Type: Movie Director: Casts: , ,
လွန်ခဲ့တဲ့ ဆယ်နှစ်လောက်တုန်းကပေါ့ ကျနော် ဇာတ်ကားလေးတစ်ကားကြည့်ခဲ့ဖူးတယ် … Musical ရုပ်ရှင်အမျိုးအစားကို အနှစ်သက်ဆုံးဖြစ်ခဲ့ရတဲ့ အကြောင်းရင်းတွေထဲမှာ အဲဒီဇာတ်ကားလေးက အဓိကတစ်ထောင့်တစ်နေရာကနေ ပါဝင်ခဲ့ရတယ်။ခုချိန်ထိ ကျနော်ဟာ အဲဒီဇာတ်ကားလေးကို အခေါက်ပေါင်းများစွာကြည့်နေမိသလို … ကြည့်မိတိုင်းလည်း ဇာတ်ဝင်ခန်းတိုင်းက ကျနော့်ကို ပျော်ရွှင်ကြည်နူးနှစ်သက်နေစေနိုင်တုန်းပဲ …ကျနော်တို့မမွေးဖွားခင် ဟိုးတစ်ချိန်တုန်းက ကမ္ဘာကျော်ခဲ့တဲ့ ဆွီဒင်ပေါ့ပ်ဂီတအဖွဲ့ “ABBA” ကို ဒီဇာတ်ကားလေးကြောင့် သိခွင့်ရခဲ့တယ် နိုင်ငံခြားဇာတ်ကားဆိုမကြည့်တတ်တဲ့ ကျနော့်ရဲ့အမေကတောင် ကျနော်ကြည့်တိုင်း သူတို့ခေတ်က L ခွန်းရီတို့ ဘာတို့ဆိုခဲ့တဲ့သီချင်းလေးတွေဆိုပြီး အတူထိုင်ကြည့်ခဲ့တာကလည်း အမှတ်တရတစ်ခုပါပဲ …“Mamma Mia” ဇာတ်ကားရိုက်ကူးခဲ့တဲ့ ဂရိနိုင်ငံက Skopelos ကျွန်းတွေကလည်း ကျနော့်ရဲ့ခရီးသွားအိပ်မက်ဖြစ်ခဲ့ရပါတယ်။ပြီးခဲ့တဲ့နှစ်တွေမှာ “Mamma Mia” ကို နောက်ဆက်တွဲဇာတ်လမ်းကြည့်ခွင့်ရရင် ကောင်းမှာပဲလို့ ကျနော်ခနခန တွေးမိခဲ့ဖူးတယ် ခုတော့ ကျနော် တကယ်ပဲကြည့်ခွင့်ရခဲ့ပြီ“Mamma Mia! Here We Go Again” ရဲ့ ဇာတ်လမ်းအကျဉ်းကိုတော့ အတတ်နိုင်ဆုံး spoiler ကင်းအောင် ကျနာ်မပြောပြတော့ပါဘူး။ သိထားကြတဲ့အတိုင်း Donna ရဲ့ ငယ်ဘဝနဲ့ ဆက်စပ်ယှဉ်တွဲပြသွားတာပါ။ဇာတ်ညွှန်း ဒါရိုက်တာနဲ့ သရုပ်ဆောင်တွကို ကျနော်ကတော့ တကယ်ကို ချီးးကျူးမိပါတယ် .. ငယ်ဘဝသရုပ်ဆောင်တွေက သက်ကြီးပိုင်းသရုပ်ဆောင်တွေနဲ့ လုံးဝကို တစ်ထေရာတည်းဖြစ်နေခဲ့ပါတယ် ပထမဇာတ်ကားတုန်းကလိုပဲ အဖွားကြီး Christine Baranski နဲ့ Julie Walters တို့ကြောင့် တဝါးဝါးရယ်နေခဲ့ရသလို ရှုခင်းတွေကတော့ အလှပဆုံးပါပဲဒီဇာတ်ကားရဲ့ အပေါ်လွင်ဆုံးနဲ့အကောင်းဆုံးအပိုင်းကတော့ Donna ရဲ့ ငယ်ဘဝအဖြစ်သရုပ်ဆောင်တဲ့ မင်းသမီး Lily James ပါပဲ … Meryl Streep လို အဆိုအက စွယ်စုံရမင်းသမီးကြီးရဲ့ ငယ်ဘဝကို သရုပ်ဆောင်ဖို့ဆိုတာ တကယ်မလွယ်ပါဘူး “Downtown Abby” မကြည့်ဖူးဘဲ “Cinderella” လောက်သာ ကြည့်ခဲ့ဖူးတဲ့ ကျနော့်အတွက်တော့ သူမကို သံသယဖြစ်ခဲ့မိပါတယ်။ Lily က interview တစ်ခုမှာ ပြောခဲ့ဖူးပါတယ် Donna ဇာတ်ကောင်ဟာ သူမသရုပ်ဆောင်ဖူးသမျှဇာတ်ရုပ်တွေထဲမှာ အလွတ်လပ်ဆုံး character တစ်ခုပါပဲတဲ့ Meryl ရဲ့ Donna ကို Lily က အကောင်းဆုံးပုံဖော်နိုင်ခဲ့ပါတယ်Music ပိုင်းမှာလည်း ပြောစရာမရှိခဲ့ပါဘူး Amanda ရော Lily ရော အသံချိုကြသလို ကျနော်ကိုယ်တိုင်လည်း ရုံထဲမှာ တစ်ချိန်လုံး ခြေထောက်နန့်နေမိတဲ့အထိ ကောင်းမွန်ခဲ့ပါတယ် ပထမဇာတ်ကားထဲက သီချင်းကောင်းတွေဖြစ်တဲ့ “Mamma Mia” တို့ “Dancing Queen” တို့ “Super Trouper”တို့ကို ပြန်ကြားရတဲ့အချိန်မှာတော့ ရင်တွေခုန်ပြီး ကြည်နူးမိသလို အထူးသဖြင့် “Dancing Queen” scene မှာ အရင်ကားထဲက scene ကိုပါ ပြန်မြင်ယောင်မိပြီး ဝမ်းနည်းဝမ်းသာဖြစ်ခဲ့ရပါတယ်။ ဒါ့အပြင် တစ်ခတ်တစ်ခါက “Godness of Pop” လို့ တင်စားခဲ့ကြတဲ့ အဆိုတော်မင်းသမီးကြီး Cher ကိုလည်း Donna ရဲ့ အမေအဖြစ် တွေ့ကြရဦးမှာပါ။ကျနော့်အတွက်ကတော့ ပထမဇာတ်ကားထဲက “Dancing Queen” scene ထဲမှာ ခေါင်းပေါ်မှာ ရွက်ထားတဲ့ ထင်းစည်းကြီးကို ပစ်ချပြီး Meryl တို့ကတဲ့နောက်ကို လိုက်သွားတဲ့ ယာသူမဝဝမိန်းမကြီးကိုပါ ပြန်မြင်ရလိုက်တဲ့အတွက် လုံးဝ wow ပါပဲ (*spoil သလို ဖြစ်ခဲ့ရင် ခွင့်လွှတ်ပါ)အချုပ်ပြောရရင်တော့ “Mamma Mia! Here We Go Again” ဟာ “Mamma Mia” ပရိသတ်တွေအတွက်တော့ စောင့်ရကျိုးနပ်တဲ့ အချိန်ကုန်ရကျိုးနပ်တဲ့ ယခုနှစ်ရဲ့ “One of the best summer movies” ပါပဲလို့ ညွှန်းဆိုလိုက်ပါရစေ ခင်ဗျ … REVIEW CREDIT -=-=-=-=-=-=-=-= ENCODED BY HAY MAN SIZE-1.2GB RESOLUTION-1080P -=-=-=-=-=-=-=-=-=-=