ဒုတိယဇာတ်ကားဟာလည်း ပထမဇာတ်ကားလိုပဲ အောင်မြင်တဲ့ဇာတ်ကားတစ်ကားဖြစ်ခဲ့ပါတယ်…
ဇာတ်လမ်းကတော့ အောင်မြင်နေပြီဖြစ်တဲ့ အယ်လ်ဗင်တို့ရှဉ့်ညီနောင်တို့အတွက် ပြိုင်ဘက်အဖွဲ့တစ်ဖွဲ့ပေါ်လာခဲ့ပါတယ်…သူတို့ကလည်း ရှဉ့်မလေးတွေဖြစ်ပြီး Chipettes လို့ခေါ်တဲ့ အဖွဲ့ပဲဖြစ်ပါတယ်…သူတို့လေးတွေရဲ့ နာမည်တွေကတော့ ဘရစ်တနီ (Brittney) ၊ ဂျနက်တီ (Jeanette) နဲ့ အယ်လန်နော် (Eleanor) တို့ပဲဖြစ်ပါတယ်…
သူတို့ ၂ ဖွဲ့ဟာ အထက်တန်းကျောင်းတစ်ခုမှာတွေ့ကြတာဖြစ်ပြီး ကျောင်းရဲ့ သီချင်းဆိုပြိုင်ပွဲအတွက် ယှဉ်ပြိုင်ကြမှာလည်း ဖြစ်ပါတယ်…ဘရစ်တနီတို့ အဖွဲ့ကိုတော့ လန်ဟော့ကပဲ တာဝန်ယူထားတာဖြစ်ပါတယ်…ဘရစ်တနီတို့အဖွဲ့ကလည်း အောင်မြင်တဲ့အဆိုတော်အဖွဲ့တစ်ဖွဲ့ ဖြစ်အောင်လုပ်မယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ ဘန်ဟော့ဆီရောက်နေတာဖြစ်ပါတယ်…
ဒီ ၂ ဖွဲ့ရဲ့ အားပြိုင်မှုက ဘယ်လိုတွေဖြစ်လာမလဲ ?? ဘယ်အဖွဲ့က အနိုင်ရမလဲ ?? ဘာတွေဆက်ဖြစ်ကြဦးမလဲ ဆိုတာတွေကိုတော့ စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာဖြစ်ပါတယ်
Translated by - Nezu
Encoded by - Nezu