Fifty Shades Darker Movie ( 2017 )

Movie Sub Released on May 22, 2021 · ? views · Posted by admin · Series Fifty Shades Darker ( 2017 )

Expand
Turn Off Light
Download
ဒီဇာတ်ကားတွင် ကြမ်းကြုတ်မှုများ ရက်စက်မှုများ သွေထွက်သံယိုများနှင့် ကိုယ်လုံးတီးပုံရိပ်များပါဝင်သော ကြောင့် အသက် ၁၈ နှစ်ကျော်မှကြည့်ရှုပေးပါရန်တောင်းဆိုအပ်ပါသည်။

Fifty Shades Darker Movie ( 2017 ) အား ဒေါင်းလုဒ် ။ Fifty Shades Darker Movie ( 2017 ) အား တိုက်ရိုက်ကြည့် ။ Like နှင့် Share ခလုတ် အားနိပ်ဖို့မမေ့ပါနဲ့နော် ။ ဇာတ်လမ်း Fifty Shades Darker ( 2017 ) ကို MMFILMs တွင် အခြား ချန်နယ်များနှင့်အညီ တင်သွားပေးမည်ဖြစ်သည်။ အခြား ဇာတ်ကားများကိုလည်း ကြည့်ရှုဖို့ မမေ့နဲ့နော်။

Movie

Fifty Shades Darker ( 2017 )

Fifty Shades Darker ( 2017 )

Rating 4.6
Status: Completed Released: 10 Feb 2017 Duration: 118 min Country: , , Type: Movie Director: Casts: , , ,
“Fifty Shades Darker” 2015 ခုနှစ်မှာ အပေါက်ဆုံးဖြစ်သွားခဲ့တဲ့ ရုပ်ရှင်တွေထဲကတစ်ခု….Erotic Romance ရဲ့ပုံစံကိုပီပီပြင်ပြင်ဖော်ပြခဲ့တဲ့ Fifty Shades of Grey ဟာစာအုပ်ရော ရုပ်ရှင်ရောဝင်ငွေကောင်းပြီးနာမည်ကြီးတာ သိပ်မဆန်းပါဘူး….(မင်းသားကလဲ အတော်ဆွဲဆောင်မှုကောင်းသလို မင်းသမီးကလဲ အတော်လှတာကိုး…) အခုဆိုရင်ဖြင့် Fifty Shades of Grey ရဲ့အဆက် Fifty Shades Darker ဟာ2017 February မှာရုံတင်ခဲ့ပြီး EL.James ရဲ့ Fifty Shades Trilogy မှ ဒုတိယမြောက်စာအုပ်ကိုHouse of Card ဒါရိုက်တာ James Foley ကပြန်လည်အသက်သွင်းထားပြီး ဖြစ်ပါတယ် သရုပ်ဆောင်တွေအနေနဲ့ကတော့ ပထမFifty Shades of Grey မှာပါဝင်ခဲ့တဲ့သူတွေအားလုံးနီးပါးပြန်လည်ပါဝင်မှာပဲဖြစ်ပါတယ်… အချစ်ဟာ(စာအုပ်တွေထဲမှာ ရုပ်ရှင်တွေထဲမှာ ဆိုရင်တော့) လူတစ်ယောက်ကိုသိမ်မွေ့စွာပြောင်းလဲစေနိုင်တဲ့အစွမ်းသတ္တိရှိတဲ့ နူးညံ့တဲ့အရာတစ်ခုပါ။Sadist တစ်ယောက်ဖြစ်တဲ့ Christain Grey ကိုအချစ်ဆိုတဲ့အရာက ပြောင်းလဲစေခဲ့ပါတယ်။မိခင်ရင်းကိုမျက်စိရှေ့မှာတင်ဆုံးရှုံးခဲ့ရတဲ့ Christian ဟာဘယ်သူကိုမှလဲမချစ်တတ်သလို အချစ်ကိုလဲ လက်မခံတတ်သူပါ။သူ့ကိုယ်သူအပါအဝင်အရာရာတိုင်းကိုသူဖြစ်စေချင်တဲ့အတိုင်းထိန်းချုပ်တတ်တဲ့Control Freak တစ်ယောက်… Anastasia Steele ကတော့ အချစ်ဦးဖြစ်တဲ့Christian Grey ကိုအလွန်ချစ်သောသူဖြစ်ပြီး Christian ရဲပုံစံခွက်ထဲမှာအသားကျအောင်နေဖို့ကြိုးစားခဲ့သူ… Fifty Shades of Grey မှာ Anna ဟာသူမနဲ့ဘယ်လိုမှသဘောထားချင်းမတိုက်ဆိုင်တဲ့ Christian ကိုထားခဲ့တဲ့ဇာတ်ဝင်ခန်းနဲ့အဆုံးသတ်ထားပါတယ်။ ရုပ်ရှင်မှာဘယ်လိုဇာတ်လမ်းအလှည့်အပြောင်းလုပ်မယ်ဆိုတာကိုတော့သေချာမသိပေမဲ့ Fifty Shades Darker စာအုပ်ပါအတိုင်း ဇာတ်လမ်းလေးကိုအနည်းငယ်ညွှန်းပါရစေ။ Anna(Dakota Johnson) ဟာChristian (Jamie Dornan) မရှိတဲ့နေ့ရက်တွေကို ခက်ခက်ခဲခဲဖြတ်သန်းနေရသူပါ။SIP Piblishing ၏ Editor , Jack Hyde ရဲ့ လက်ထောက်အဖြစ်အလုပ်လုပ်နေပြီဖြစ်တဲ့ Anna အဖို့ သူမလုပ်နိုင်တာအားလုံးက အလုပ်မှာအာရုံနှစ်ပြီး Christian ကိုမေ့ထားနိုင်သမျှမေ့ထားဖို့ပါပဲ။ အဲ့လိုနေရင်းနဲ့၃ရက်မြောက်နေ့မှာတော့ သူမအိမ်ကို Christian ဆီက နှင်းဆီပန်းစည်းနဲ့ SIP မှာအလုပ်စဝင်တာကိုဂုဏ်ပြုကြောင်းရေးသားထားတဲ့စာတစ်စောင်ရောက်လာပါတော့တယ်။Annaဟာနှင်းဆီပန်းကိုမလွှင့်ပစ်ရက်လို့ ပန်းအိုးထဲထိုးစိုက်ထားပေမဲ့Christian ကိုတော့ဘာမှ မတုန့်ပြန်ပါဘူး။ နောက်တစ်နေ့သူမရုံးတတ်တဲ့အချိန်မှာတော့Christian ဆီက email တစောင်ကိုလက်ခံရရှိပါတော့တယ်။အကြောင်းအရာကတော့ မနက်ဖြန် Portland မှာ Annaရဲ့အခင်ဆုံးသူငယ်ချင်းတစ်ဦးဖြစ်တဲ့Jose’ရဲ့ ဓါတ်ပုံပြပွဲရှိပြီးသူလိုက်ပို့လိုကြောင်းရေးထားတာဖြစ်ပါတယ်။ အသည်းကွဲနေတဲ့Annaဟာထိုအကြောင်းကို လုံးလုံးလျားလျားမေ့လျှာ့နေခဲ့တာပါ။Annaဟာသူငယ်ချင်းကို ကတိပေးထားတာအပြင်Christianကိုတွေ့ချင်တာလည်းပါတာကြောင့် Chritian ရဲ့အစီအစဉ်ကိုလက်ခံလိုက်ပါတယ်။Annaထွက်သွားပြီးနောက်နောင်တတွေတပွေ့တပိုက်နဲ့ကျန်ခဲ့တဲ့, Anna ရဲ့စိတ်ကိုပြန်ရအောင်ယူဖို့ဆုံးဖြတ်ထားတဲ့Christian ဟာသူတို့နှစ်ဦးတွေ့တဲ့အချိန်မှာတော့ Annaဖြစ်စေချင်တဲ့အချက်သူအားလုံးနီးပါးကိုလိုက်လျှောပေးခဲ့ပါတယ်။ Anna ကတော့Christian မျက်နှာမြင်ကတည်းကစိတ်ပျော့နေသူဖြစ်တဲ့အတွက်ကြောင့်သူတို့နှစ်ဦးဟာ ပြန်လည်သင့်မြတ်သွားကြပါတော့တယ်။အဲ့ဒိလိုအဆင်ပြေနေကြရင်းနဲ့ နှစ်ရက်အကြာမှာတော့ဆံပင်ညှပ်ချင်တယ်လို့ပြောတဲ့Annaကို Christian တစ်ယောက်သူရှယ်ယာဝင်ထားတဲ့ Salon တစ်ခုကိုခေါ်သွားပါတယ်။ အဲ့ဒိSalonဟာChristian နဲ့ Elena (Mrs. Robinson) (Christian 15နှစ်အရွယ်မှာတွေ့ခဲ့ပြီးChristian ကိုBDSM ကိုခုံမင်တဲ့Sadistတစ်ယောက်ဖြစ်လာအောင်လုပ်ခဲ့တဲ့ အမျိုးသမီး)တစ်ဝက်စီပိုင်တာဖြစ်ပြီး အဲ့ဒီနေ့မှ တိုက်တိုက်ဆိုင်ဆိုင်Elenaတယောက်ဆိုင်ကိုရောက်နေပါတယ်။Anna လေးဟာဆံပင်ညှပ်ဖို့စောင့်နေရင်းနဲ့ သူမရောက်နေတဲ့SalonဟာChristianရဲ့Submissive တွေစာချုပ်ပါစည်းကမ်းတွေကိုလုပ်ဆောင်ဖို့လာနေကျ ဆိုင်ဆိုတာကိုသိသွားပါတယ်။ဒါ့အပြင် ဆိုင်ရောက်ရောက်ချင်း Christianအရေးတယူစကားသွားပြောတဲ့အမျိုးသမီးဟာ Mrs. Robinson မှန်းရိပ်စားမိသွားတဲ့အခါမှာတော့Anna တစ်ယောက်စိတ်ဆိုးပြီး ဆိုင်ထဲကချက်ချင်းထွက်သွားပါတော့တယ်။Mrs.Robertson နဲ့Christianရဲ့ရာဇဝင်ကိုသိထားတဲ့ Annaဟာ Mrs. Robinson ကိုရာနှုန်းပြည့်သဘောမကျသူပါ။Christian ,Anna နောက်ကိုအပြေးလိုက်ပြီးပြေရာပြေကြောင်းချော့မော့နေပေမဲ့ ခေါင်းမာတဲ့Annaကတော့စိတ်ဆိုးနေဆဲပါပဲ။သူတို့နှစ်ဦးလမ်းမမှာ ကတောက်ကဆဖြစ်နေတုန်းChristianဆီဖုန်းဝင်လာပါတယ်။အဲ့ဒါကတော့ Christianလိုက်ရှာနေတဲ့သူ့ရဲ့submissive ဟောင်း Leila သေနတ်ဝယ်လိုက်တယ်ဆိုတာပါပဲ။သူမဟာ လွန်ခဲ့တဲ့နှစ်နှစ်ခွဲတုန်းက Christianရဲ့Submissiveအဖြစ်ရှိခဲ့ပြီး စာချုပ်ပြည့်သွားတဲ့အချိန်မှာတော့ တခြားအမျိုးသားတစ်ဦးနဲ့လက်ထပ်ခဲ့ပါတယ်၊ Annaလို Brunetteတစ်ဦးဖြစ်ပြီး Christian တစ်ယောက်(Fifty Shades of Grey မှာ) Annaရှိရာ Savannah ကိုလိုက်သွားတဲ့အချိန်တုန်းကChristian ရဲ့အိမ်ကိုရောက်လာကာအိမ်တော်ထိန်းMrs.Jones ရှေ့မှာ လက်ကောက်ဝတ်ကိုလှီးပြီးသူမကိုအာရုံစိုက်လာအောင်လုပ်ခဲ့သူပါ။ သူမရဲ့အကြံအစည်ဟာအောင်မြင်တယ်ပဲပြောရမလား… Christian ဟာ Annaကိုထားခဲ့ပြီး Savannah ကနေချက်ချင်းပဲသူမရှိရာဆေးရုံကိုရောက်လာခဲ့ပါတယ်။ဒါပေမဲ့ သူမကတော့ထွက်ပြေးပျောက်ကွယ်သွားခဲ့ပါတယ်။Christianဟာဂရုဏာစိတ်ကြောင့်အကူအညီပေးဖို့လိုက်ရှာပေမဲ့မည်သည့်နည်းနှင့်မျှရှာလို့မတွေ့ခဲ့ပါဘူး။ အဲ့ဒိကိစ္စတွေနဲ့စိတ်ဖိစီးရှုပ်ထွေးလာခဲ့တဲ့ Christian တစ်ယောက် Annaအပေါ်အမှားလုပ်မိရာကနေပြီးAnna ကသူ့ကိုထားပြီးထွက်သွားခဲ့ပါတယ်။ အဲ့ဒိကိစ္စတွေဟာFifty Shades of Grey မှာဖြစ်ပျက်ခဲ့တာပါ။ ပြီးတော့ LeilaဟာAnnaကိုSIP ရုံးရှေ့မှာလဲလာရှာခဲ့ပါသေးတယ်။ChristianဟာLeila သေနတ်ဝယ်တဲ့သတင်းကိုကြားတဲ့အခါမှာတော့ Annaလုံခြုံရေးအတွက် သူ့ရဲ့အိမ်ကိုခေါ်ဆောင်သွားပါတော့တယ်။Annaရဲ့လုံခြုံရေးအတွက် မျက်စိဒေါက်ထောက်ဂရုစိုက်တဲ့သူကတော့Christianပါ။Anna , Christian အိမ်ရောက်လာပြီး ညဘက် , သူတို ့စုံတွဲ summer party မှအပြန်မြင်လိုက်ရတာကတော့ Leila တစ်ယောက်Annaရဲ့ကားကိုရစရာမရှိအောင်ဖျက်စီးထားတာပါပဲ…ပျာယာခတ်သွားတဲ့Christian တစ်အိမ်လုံးကို သေချာစစ်ဆေးပါတော့တယ်။အားလုံးကင်းရှင်းလို့ Anna ကို စိတ်ချလက်ချအခန်းထဲမှာ သိပ်ခဲ့ပြီး စာကြည့်ခန်းထဲအလုပ်ဝင်လုပ်နေတဲ့အချိန်…..အဲ့ဒိအချိန်မှာ တရေးနိုးလာတဲ့ Anna, သူမကုတင်ခြေရင်းအမှောင်ထဲမှာသေနတ်ကိုင်ပြီးသူမကိုကြည့်နေတဲ့အမျိုးသမီးတယောက်ကို တွေ ့တဲ့အခါ…………– ရုပ်ရှင် Trailer ထဲမှာတော့ ထိုအမျိုးသမီးရပ်ကြည့်နေတဲ့အချိန်မှာ Christian ဟာAnna နဲ့အတူအိပ်ပျော်နေပါတယ်။ James Floey ဘယ်လိုရိုက်ပြမလဲကိုစိတ်ဝင်တစားစောင့်ကြည့်ရမှာပါ။ ? Brunette မိန်းကလေးတွေကိုပဲသဘောကျတတ်တဲ့Christian ရဲ့ Anna ကို မသိစေချင်ဆုံးလျှို ့ဝှက်ချကိကဘာဖြစ်မလဲ.. ဆိုတာအပြင်ဇာတ်လမ်းထဲမှာ Elena, Leila,Jack Hyde ဆိုတဲ့villianသုံးယောက်ကိုထည့်ပြီးအကွက်ကျကျသရုပ်ဖော်သွားပါတယ်။ ဆက်ပြောနေရင်ကြည့်တဲ့အခါအရသာပျက်သွားမှာစိုးလို့ Anna တစ်ယောက်ဘာတွေဆက်ကြုံတွေ့ရမလဲဆိုတာကိုတော့ 2017မှပဲ ပိတ်ကားပေါ်မှာဆက်လက်ရှုစားကြပါဗျ။အဲ…Admin ဆက်ပြောချင်တာကတော့စာအုပ်နဲ့ ရုပ်ရှင်, ရုပ်ရှင်နဲ့စာအုပ်ကွဲလွဲတာလေးတွေပါ။ဟုတ်ပါတယ်..စာအုပ်နဲ့ရုပ်ရှင်ကရာနှုန်းပြည့်မတူနိုင်သလိုရုပ်ရှင်အတော်များများကတော့စာအုပ်ကိုမှီအောင်မရိုက်နိုင်ပါဘူး။ဒါပေမဲ့ Fifty Shades of Grey ကတော့ ရုပ်ရှင်နဲ့စာအုပ်ကအတော်လွဲနေပါတယ်။ Sam Taylor Johnson တစ်ယောက်ရှေ့ကရိုက်သွားတာကိုJames Foley ဘယ်လိုဆက်ရိုက်ထားသလဲဆိုတာကတော့ စိတ်ဝင်စားစရာပါ။

Comment

Leave a Reply