Honk for Jesus Save Your Soul(2022)
----------------------------------------------
တချိန်က လျှမ်းလျှမ်းတောက်ကျော်ကြားခဲ့တဲ့ တရားဟောဆရာ လီကားတစ် ဟာ လူမှုရေးအရှုပ်အထွေးတစ်ခုကြောင့် ဘုရားကျောင်းကိုယာယီပိတ်လိုက်ရသလို အရှုပ်တွေလည်းအများကြီးရှင်းလိုက်ရပါတယ်။
ရှင်းလင်းပြီးတဲ့အချိန်မှာ ဘုရားကျောင်းကိုပြန်ဖွင့်ဖို့..အရင်လိုခမ်းနားခဲ့တဲ့ နေ့ရက်တွေကိုပြန်ရယူဖို့ ဇနီးသည်ဖြစ်သူ ဆရာကတော် ထရစ်နီတီနဲ့ အတူကြိုးစားရပုံတွေကို ရှုမြင်ရမှာပါ။
Comedy အမျိုးအစားဖြစ်ပြီး IMDB 5.2ရရှိထားပါတယ်။
Spoiler အနေနဲ့ပြောရရင်တော့ အနောက်တိုင်းကားတို့ သဘောသဘာ၀အရရော/ ကွဲပြားတဲ့ ဓလေ့ထုံးတမ်းတွေကြောင့်ပါ... တချို့စကားတွေဟာ အတော်လေး Dark ဖြစ်ပါတယ်။ ဘာသာရေးသဘောအရ/ ရှုထောင့်အရ မြန်မာအမြင်နဲ့မကိုက်ညီတာ အဆင်မပြေတာတွေ မြင်တွေ့ရပါလိမ့်မယ်။
ဒါကလွဲရင် PK ရုပ်ရှင်ကားလိုပဲ လူ့သဘောသဘာဝတွေကို သဘာ၀ကျကျမြင်တွေ့ရမယ့်...ခပ်ငွေ့ငွေ့ပြုံးရစေမယ့်.. ကားတစ်ကားပါလို့ပဲ ညွှန်းချင်ပါတယ်။
ရှုစားကြပါဦး။
Resolution ......720P & 1080P
File Size........... 700MB& 1.2GB
Translated By Ariel
Encoded by Zion