ဒီတစ်ခါမိတ်ဆက်ပေးချင်တဲ့ဇာတ်ကားလေးကတော့ Song Joong Ki ရဲ့ ရုပ်ရှင်ကားအသစ်လေးဖြစ်တဲ့ My Name Is Loh Kiwon ပဲဖြစ်ပါတယ်။
မြောက်ကိုရီယား ဒုက္ခသည်တွေဖြစ်တဲ့ ရိုကီဝမ်နဲ့ သူ့အမေတို့က တရုတ်နိုင်ငံမှာ ခိုးဝင်နေထိုင်ကြသူတွေဖြစ်ပြီး အဖမ်းမခံရဖို့ ပုန်းကွယ်ပြေးလွှားနေကြရင်း ကားတိုက်ခံရမှုကြောင့် မိခင်ဖြစ်သူ ဆုံးပါးသွားခဲ့ပါတယ်။
ဒါကြောင့်ပဲ ရိုဂီဝမ်ဟာ သူ့အမေရဲ့ နောက်ဆုံးဆန္ဒအတိုင်း ဘယ်လ်ဂျီယံကိုသွားပြီး မြောက်ကိုရီးယားပြည်ပြေး ဒုက္ခသည်အဖြစ်ခံယူဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ ဒါပေမဲ့ အခြေအနေတွေဟာ သူထင်သလိုလွယ်ကူမနေပါဘူး။ ဒုက္ခသည်အဖြစ်ခံယူဖို့က စစ်ဆေးမှုအဆင့်ဆင့်ကိုဖြတ်ကျော်ရပြီး ပထမအင်တာဗျူးမှာတင် မခိုင်လုံတဲ့အထောက်အထားတွေကြောင့် ဒုတိယအင်တာဗျူးအတွက် နောက်နှစ် ဖေဖော်ဝါရီလမှာ ပြန်လာဖို့ချိန်းလိုက်တဲ့အခါ
ရိုဂီဝမ်တစ်ယောက် ဒုက္ခပင်လယ်ဝေရပါတော့တယ်။
သူများနိုင်ငံမှာ အလုပ်အကိုင်မရှိ၊နေစရာမရှိ အမေပေးလိုက်တဲ့ပိုက်ဆံလေးကို ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ရင်း အေးလွန်းတဲ့ဆောင်းရာသီကာလမှာ အများသုံးအိမ်သာထဲဝင်အိပ်၊ ရေသန့်ဘူး၊ပုလင်းခွံတွေကောက်ပြီး ဆိုင်မှာပြန်ရောင်းလိုက် အမှိုက်ပုံထဲက ကောင်းမယ်ထင်တဲ့ စားကြွင်းစားကျန်တွေကို ယူစားလိုက်နဲ့ မသေရုံတမယ် ကြိုးစားရုန်းကန်နေရင်းနဲ့ ကိုရီးယားနွယ်ဖွား ဘယ်လ်ဂျီယံနိုင်ငံသူလေး မာရီနဲ့တွေ့ဆုံခဲ့ရပါတော့တယ်။ရိုကီဝမ်နဲ့ မာရီကြား ဘယ်လိုမျိုးဇာတ်လမ်းတွေဖြစ်လာမလဲ သူကရော ဘယ်လ်ဂျီယံနိုင်ငံသားဖြစ်ခွင့်ရသွားမှာလား...
လက်တွေ့ဘဝမှာ မြင်တွေကြုံဆုံရမယ့်
လူတွေရဲ့အကျင့်ဗီဇနဲ့စရိုက်လက္ခဏာတွေကို အတိုင်းသားထင်ဟပ်ပြအောင် ရိုက်ကူးထားတာဖြစ်တဲ့ ရုပ်ရှင်ကောင်းတစ်ကားဖြစ်တာမို့ အချိန်ပေးပြီးကြည့်သင့်တဲ့ကားလေးလည်းဖြစ်ပါတယ်
-Translated & Reviewed by Stay-K
Encoded by X
Yoteshin Drive ကဒေါင်းလုပ်လုပ်ချင်သူများအနေဖြင့် ဒီလင့် (နှိပ်ပါ) ကနေပြထားတဲ့အတိုင်း အရင်ဆုံးloginလေးဝင်ထားဖို့တော့လိုမယ်နော်